Monday, November 26, 2018

၂ဝ၁၈ - ၂ဝ၁၉ ခုနှစ်Myanmar Junior Golf Tourပထမပွဲစဉ် (နေပြည်တော်) ဆုချီးမြှင့်ပွဲကျင်းပ

Image may contain: 2 people, people smiling, people standing



နေပြည်တော်    နိုဝင်ဘာ   ၂၅
မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နှင့်Junior Golf Myanmar  က ကြီးမှူး၍Lin  Aung  Industrial  &  Production Company Limited မှ အဓိက ကူညီပံ့ပိုးသော ၂ဝ၁၈ - ၂ဝ၁၉  ခုနှစ် Myanmar Junior Golf Tour  ပထမပွဲစဉ် (နေပြည်တော်)၏  ဒုတိယနေ့ (၁၈) ကျင်း ပြိုင်ပွဲကို  ယမန်နေ့ နံနက်ပိုင်းက မြို့တော် ဂေါက်ကွင်း နေပြည်တော်၌ ဆက်လက်ကျင်းပသည်။
ဒုတိယနေ့ (၁၈)ကျင်း အပြီးတွင်  ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ရှေးဦးစွာ ပြိုင်ပွဲဝင်ကစားသမားများအား Junior Golf Myanmar  မှ အမှတ်တရလက်ဆောင် များပေးအပ်ပြီး ဆုများကိုပေးအပ်ချီးမြှင့်ရာ အသက် ၁၂ နှစ်အောက်တွင် စုစုပေါင်း ရိုက်ချက် ၁၉၆ ချက်ဖြင့် တတိယဆုရရှိသော ဝေယံလင်း၊ စုစုပေါင်းရိုက်ချက် အချက် ၁၉ဝဖြင့်   ဒုတိယဆုရရှိသော  ဟိန်းနိုင်ဇင်တို့ကို  မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် အလုပ်အမှုဆောင်နှင့် ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ထွန်းက လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၇၅ ချက်ဖြင့် ပထမဆုရရှိ သော ဟန်ချောညီကို Junior Golf Myanmar မှ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ကိုကိုချစ်တို့က လည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် အသက် ၁၄ နှစ်အောက်တွင် စုစုပေါင်းရိုက်ချက် ၁၆၁ ချက်ဖြင့် တတိယဆုရရှိသော ထွန်းသူရိန်၊ စုစုပေါင်းရိုက်ချက် ၁၅၅ ချက်ဖြင့် ဒုတိယဆုရရှိသော  ကောင်းမြတ်ကျော်တို့ကို Junior Golf Myanmar ဥက္ကဋ္ဌ    ဦးမြင့်အောင်က လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၅၁ ချက်ဖြင့် ပထမဆုရရှိသော  မင်းသံလွင်အောင် ကို   မြန်မာနိုင်ငံ   ဂေါက်သီးအဖွဲ့ချုပ်   အထွေထွေအတွင်းရေးမှူး   ဦးမြတ်ခိုင်က လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။
အသက် ၁၈ နှစ်အောက်တွင် စုစုပေါင်းရိုက်ချက် ၁၆၉ချက် ဖြင့်  တတိယဆုရရှိသော ဇွဲထက်အောင်၊ စုစုပေါင်းရိုက်ချက် ၁၆၁ ချက်ဖြင့်  ဒုတိယဆုရရှိသော  ဖြိုးဇံတို့ကို မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်ဦးက လည်းကောင်း၊ စုစုပေါင်းရိုက်ချက် အချက် ၁၆ဝ ဖြင့် ပထမဆုရရှိသော  မှိုင်းဝေဦးကို မြန်မာနိုင်ငံ  ဂေါက်သီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ  ဦးအောင်မျိုးမင်းဒင်က လည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။ဆက်လက်ပြီး  (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ  အားကစား ပြိုင်ပွဲတွင်   ဝင်ရောက်ယှဉ်ပြိုင်ကြမည့်  အားကစားသမားများအဖွဲ့တွင်  စုစုပေါင်း ရိုက်ချက် ၁၅၅ ချက်ဖြင့် ပထမဆုရရှိသော ဧကရီဝင်းထွန်းကို မြန်မာနိုင်ငံ ဂေါက်သီး အဖွဲ့ချုပ်  တွဲဖက်အထွေထွေအတွင်းရေးမှူး  ဦးမျိုးသီဟက  ဆုများကို  ပေးအပ် ချီးမြှင့်သည်။
ယခု Junior Golf Myanmar  ပြိုင်ပွဲများမှ ရလဒ်များအား မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ ချုပ်မှ ပွိုင့်စနစ်ဖြင့် အဆင့်သတ်မှတ်ပေးကာ ရာသီကုန်တွင် Order of Merit ဖလားအား ဆုချီးမြှင့်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။                             
သတင်းစဉ်

No comments:

Post a Comment