Thursday, November 29, 2018

လူငယ်ရေးရာမူဝါဒ မဟာဗျူဟာအကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ တိုင်းအဆင့်ပြုလုပ်

Image may contain: 20 people, people standing and indoor
ရန်ကုန် နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီ၏ လူငယ်ရေးရာမူဝါဒ မဟာ ဗျူဟာ အကောင်အထည်ဖော်နိုင်ရေးလုပ်ငန်း အကြိုညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက် ကျိုက်ဝိုင်း ဘုရားလမ်းအမှတ် ၆၅ ရှိ လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်းခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ လူငယ်ရေးရာ မူဝါဒအခန်းကဏ္ဍအလိုက် အကောင်အထည် ဖော်ဆောင်ရမည့် အဓိကဦးဆောင်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာနတို့က ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဦးစီးဌာနများမှ ကိုယ်စားလှယ်ဦးစီးအရာရှိ များ၊NGO၊ INGO၊CSO လူမှုအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ တိုင်းအဆင့်လူမှု ရေးရာကော်မတီဝင်များ စုစုပေါင်း ၇ဝ ခန့် တက်ရောက်ကြပြီး ပြည်ထောင်စုအဆင့် လူငယ်ရေးရာကော်မတီ ကိုယ်စားလှယ် ကိုထက်ပိုင်စိုး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေး၊ တိုင်းအဆင့်လူငယ်ရေးရာကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာကေသီကျော်(လူမှုဝန်ထမ်း ဦးစီးဌာန-(ရန်ကုန်)ညွှန်ကြားရေးမှူး)တို့က ကြိုဆို နှုတ်ခွန်းဆက်စကားများ ပြောကြား ကြသည်။
လူငယ်ရေးရာမူဝါဒ မဟာဗျူဟာ အကောင်အထည်ဖော်နိုင်ရေးနှင့် ပတ်သက် ၍ ဆောင်ရွက်ရမည့်အကျုံးဝင်သော အဓိက ကဏ္ဍ လုပ်ငန်းစဉ်များအရ တိုင်းလူငယ်ရေးရာ ကော်မတီဝင် ၂၅ ဦးတို့က ဦးဆောင်လျက် ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါးနှင့် အခြားဘေးဖြစ်စေတတ်သည့် အန္တရာယ်များ၊ အားကစားနှင့် အပန်းဖြေခြင်း၊ အလုပ် အကိုင်အခွင့်အလမ်း၊ စီးပွားရေး၊ နိုင်ငံရေး၊ စာပေအနုပညာနှင့် ယဉ်ကျေးမှု၊ သုတေသန၊ သိပ္ပံနှင့်နည်းပညာ၊ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု၊ သယံဇာတသုံးစွဲမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ငြိမ်းချမ်း ရေးနှင့်ဘဝလုံခြုံရေး၊ ကျား၊ မ ညီမျှမှု၊ လူ့ အခွင့်အရေး၊ နိုင်ငံတကာဆက်ဆံရေး၊ အရေးပေါ်အခြေအနေ၊ လူငယ်များရရှိနိုင် သော အခွင့်အလမ်းများ၊ လူငယ်များ၏တာဝန်ဝတ္တရားများ၊ သက်ဆိုင်ရာအသီးသီး၏ တာဝန်ဝတ္တရားများ၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုယန္တရား၊ မူဝါဒကိုအကောင် အထည်ဖော်ဆောင်ရွက်ခြင်း၊ မူဝါဒအကောင် အထည်ဖော်ရန် အရင်းအမြစ်လိုအပ်ချက်များ ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက် ခြင်းတို့ကို ကဏ္ဍအလိုက် ခေါင်းစဉ်များဖြင့် ဝိုင်းဖွဲ့၍ ဦးစားပေးကဏ္ဍများနှင့် အမျိုးသား အဆင့် မဟာဗျူဟာနှင့်ချိတ်ဆက်ဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့
ကြသည်တို့ကို ဆုံးဖြတ်ချက်များ မှတ်တမ်းပြုတင်ပြကြပြီး တိုင်းအဆင့်လူမှုရေးရာကော်မတီ အတွင်း ရေးမှူး မဂျူးဂျူးသန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဆွေးနွေးပွဲကို ညနေ ၄ နာရီ ၁၅ မိနစ်တွင် ရုပ်သိမ်းခဲ့ပြီး စုပေါင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း) ဓာတ်ပုံ-မျိုးကြီး

No comments:

Post a Comment