Thursday, November 29, 2018

တောင်ညိုရေလှောင်တမံမှ မိုးစပါး၊ နွေစပါးစိုက်ပျိုးရေ ပေးဝေလျက်ရှိ

Image may contain: sky, outdoor and nature
ပြည် နိုဝင်ဘာ ၂၈
၂ဝ၁၈-၂ဝ၁၉ နွေစပါးစိုက်ပျိုးရာသီ တွင် တောင်ညိုရေလှောင်တမံမှ နွေစပါးဧက ၁ဝဝဝဝ ကျော်အား စိုက်ပျိုးရေ ပေးဝေသွားမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကြည်သန်း၏ ပြောကြားချက်အရ သိရသည်။
ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ရှိ တောင်ညိုဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ တရားဝင် ဖွံ့ဖြိုးရေးချေးငွေဖြင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှစတင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယခုအခါ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
တောင်ညိုဆည်ရေသောက်စနစ်၏ အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးခဲ့ သော တူးမြောင်းများမှ ၂ဝ၁၈ မိုးစပါး ရာသီတွင် လယ်မြေဧက ၅ဝဝဝဝ ကျော်အား အောင်ရေအပြည့်အဝ ပေးဝေနိုင်ခဲ့ပြီး ယခုနွေစပါးစိုက်ပျိုး ရာသီတွင် နွေစပါးဧက ၁ဝဝဝဝ ကျော်ကို ဆက်လက်ရေပေးဝေ သွားမည်ဖြစ်ကြောင်း သိရသည်။
ဥာဏ်ကောင်းဆက်

No comments:

Post a Comment