Wednesday, November 7, 2018

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးတို့ တွေ့ဆုံ

Image may contain: 2 people, people sitting, suit and indoor
နေပြည်တော် နိုဝင်ဘာ ၆
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၏ ဖိတ်ကြားချက် အရ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံ တကာဆက်ဆံရေးဝန်ကြီးH.E. Mr. Song Tao ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ အထူးလေယာဉ် ဖြင့် ရောက်ရှိကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တရုတ်ကွန်မြူ နစ်ပါတီ နိုင်ငံတကာဆက်ဆံရေး ဝန်ကြီးH.E. Mr. Song Tao တို့ သည် ညနေ ၄ နာရီတွင် နေပြည်တော် ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာန၌ တွေ့ဆုံကြသည်။
တက်ရောက်
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ နိုင်ငံခြားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသည့် ဦးဇော်ဌေး၊ ဦးဝင်းကျော်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးနှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်၊ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ်Ms. Sun Haiyanနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
သတင်းစဉ်

No comments:

Post a Comment