Sunday, November 4, 2018

အသံချဲ့စက်များ ကျယ်လောင်စွာအသုံးပြုနေခြင်းကို ကြပ်မတ်ပေးစေလို



Image may contain: one or more people, tree and outdoor
ထင်သာမြင်သာပြုပြင်စရာ


မွန်ပြည်နယ်အတွင်း ပွင့်လင်းရာသီကာလရောက်သည်နှင့် ပျော်ပွဲ ရွှင်ပွဲများ၊ အလှူပွဲ များတွင် အသံချဲ့စက်ဖြင့် သီချင်းဖွင့်ရာ၌ နားမခံသာအောင် ကျယ်လောင်စွာ ဖွင့်နေကြသည်ကို ပြည်သူများစိတ်မချမ်းမြေ့စွာခံစားနေကြရပြီး ကျယ်လောင်သည့် တီးလုံးသံတုန်ခါရိုက်ခတ်မှုကြောင့် လှူအသက်သေဆုံးသည့် ဖြစ်စဉ်ရှိခဲ့ပါသည်။
ယခုနှစ်အတွင်း နယ်စပ်ဒေသမှ တရားမဝင်တင်သွင်းလာသည့် အသံချဲ့စက် ကြီးများထက် အဆများစွာ အသံကျယ်လောင်မှုနှင့် တုန်ခါမှုပြင်းထန်သည့် အသံ ယူနစ်အားမြင့်သော ဟွန်းအလုံးရေအနည်းဆုံးခြောက်လုံးတွဲနှင့် ဆောင်းဘောက် ကြီးများတွဲကာ မော်တော်ကားဖြင့် မြို့အဝင်နှင့် မြို့တွင်းလမ်းမကြီးတစ်လျှောက် အသံမြှင့်၍ ဖွင့်ကာသွားလာနေခြင်းနှင့် ဘုရားပွဲများ၊ ရပ်ကွက်/ ကျေးရွာများအတွင်း အလှူအတန်းနှင့်မင်္ဂလာဆောင်များတွင်လည်း ညဥ့်နက်သန်းခေါင်ချိန်အထိ ပတ်ဝန်းကျင်ကို အလေးမထားဘဲ အလွန်အမင်းအသံကျယ်လောင်စွာ စည်းကမ်းမဲ့ ဖွင့်ခြင်းတို့ကြောင့် ရပ်ကွက်နေပြည်သူများ စိတ်ဒုက္ခ ရောက်နေကြရသည်။
သို့ဖြစ်၍ အဆိုပါယာဉ်များ မြို့တွင်းသို့ ဝင်ရောက်ပါက အသံချဲ့စက်အသုံးပြု ခွင့်ဥပဒေနှင့်အညီ ကြပ်မတ်ဆောင်ရွက်ပေးနိုင်ရေးနှင့် ငှားရမ်းခြင်းလုပ်ငန်းလိုင်စင် ဖြင့် အသုံးပြုခွင့်ပေးရေးကို တာဝန်ရှိသူများမှ ဆောင်ရွက်ပေးစေလိုပါသည်။
ကျော်ဝင်း

No comments:

Post a Comment