Thursday, November 29, 2018

ဂျပန်ဝန်ကြီးချုပ်အာဘေး အမေရိကန်၊ တရုတ်နှင့် ရုရှားသမ္မတတို့အား သီးခြားစီတွေ့ဆုံမည်

Image may contain: 1 person, smiling, suit
ကျိုတို နိုဝင်ဘာ ၂၈
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အာဂျင်တီးနားနိုင်ငံတွင် ကျင်းပမည့် ဂျီ-၂ဝ ထိပ်သီးအစည်းအဝေး တက်ရောက်ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့နှင့် သီးခြားစီတွေ့ဆုံမည်ဖြစ်ကြောင်း ယနေ့အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်အရ သိရသည်။
ဂျီ-၂ဝ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် နိုဝင်ဘာ ၂၉ ရက် တွင် အာဂျင်တီးနားမြို့တော် ဗျူနိုအေရီသို့ ထွက်ခွာမည်ဖြစ်ကြောင်း ဂျပန် အစိုးရအဖွဲ့ အတွင်းရေးမှူး ယိုရှီဟိုက်ဆူဂါက ဆိုသည်။
ဝန်ကြီးချုပ် အာဘေးက ကမ္ဘာ့ခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် ကမ္ဘာ့ စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန် နည်းလမ်းကောင်းများ ရှာဖွေရာ တွင် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း အတွင်းရေးမှူး ဆူဂါ က ဆက်လက်ပြောကြားခဲ့သည်။
၂ဝ၁၉ ခုနှစ်တွင် ဂျပန်နိုင်ငံက ဂျီ-၂ဝ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။ ထို့ကြောင့် ဂျီ-၂ဝ အဖွဲ့ဝင်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို ရရှိစေရေးအတွက် ဆွေးနွေးပွဲကို ဝန်ကြီးချုပ်အာဘေးက ဦးဆောင်ဆွေးနွေးရန် ဆန္ဒရှိသည်ဟု အတွင်းရေးမှူး ဆူဂါက ပြောကြားခဲ့သည်။
ထို့ပြင် ဝန်ကြီးချုပ်အာဘေးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့နှင့်အတူ ပူးတွဲအစည်းအဝေးတစ်ရပ်ကိုလည်း ကျင်းပ မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ဥရုဂွေးနှင့် ပါရာဂွေးနိုင်ငံများသို့လည်း ဂျပန်ဝန်ကြီးချုပ်အနေဖြင့် ပထမဆုံးအကြိမ် အလည်အပတ်ခရီး သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၂၇ ရက်တွင် ဝန်ကြီးချုပ်အာဘေးက ဗြိတိန်နိုင်ငံသို့ လာမည့် နှစ်အစောပိုင်းတွင် အလည်အပတ်ခရီးသွားရောက်ရန် ဆန္ဒရှိကြောင်း ဗြိတိန် ဝန်ကြီးချုပ် ထရီစာမေအား တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့ကြောင်း သိရ သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment