Monday, November 26, 2018

ကရင်ပြည်နယ်တွင် သောက်သုံးရေရှားပါးမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ညှိနှိုင်းဆောင်ရွက်

Image may contain: 14 people, people smiling, people standing, people sitting and indoor



နေပြည်တော်  နိုဝင်ဘာ  ၂၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန   ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး  သည်  ယနေ့  မွန်းလွဲပိုင်းတွင်   ကရင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌  ကျင်းပသော  သောက်သုံးရေ လိုအပ်သော ဒေသခံတိုင်းရင်းသားများ အတွက် စက်ရေတွင်း၊  အုတ်ရေကန်နှင့် ရေစက်ရုံ  တည်ဆောက်ရေးအတွက် အလှူငွေပေးအပ်ပွဲ   အခမ်းအနားနှင့်  မူးယစ်ဆေးဖြတ်ပြီးသူများ   ပြန်လည် ထူထောင်ရေးလုပ်ငန်း အစည်းအဝေးသို့   တက်ရောက်ခဲ့ကြသည်။   
သောက်သုံးရေရှားပါးမှု
အခမ်းအနား၌     ပြည်ထောင်စု ဝန်ကြီးက က္ဘာတစ်ဝန်းတွင် ရာသီဥတု ပြောင်းလဲမှုကြောင့်      သဘာဝဘေး အ္တရာယ်များ ဖြစ်ပေါ်လျက်ရှိရာ မြန်မာ နိုင်ငံရှိ အချို့ဒေသများတွင်လည်း ပုံမှန် မဟုတ်သော သဘာဝဘေးအ္တရာယ်များ မကြာခဏ    ကြုံတွေ့ရလေ့ရှိကြောင်း၊ နှစ်စဉ်  နွေရာသီရောက်ရှိပါက   ကရင် ပြည်နယ် ဒေသအချို့တွင် သောက်သုံးရေ ရှားပါးမှုဒဏ်ကို ခံရလေ့ရှိသဖြင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို      ယခု ကတည်းက စတင်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊  သုခလင်းမြိုင်၊  ဆုံဆည်းမြိုင် ဒေသများရှိ  ပြည်သူများ  သောက်သုံး ရေချိုရရှိရေးအတွက်    စက်ရေတွင်း၊ အုတ်ရေကန်နှင့် ရေစက်ရုံတို့ကို ဆောင် ရွက်ရန်အတွက် ယနေ့ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ပြီးစီး ပါက  ပတ်ဝန်းကျင်ဒေသရှိ  ကျေးရွာများ မှ     ဒေသခံတိုင်းရင်းသားပြည်သူများ သောက်သုံးရေ ရရှိနိုင်မည်ဖြစ်ကြောင်း နှင့် ယခုနှစ် အယ်နီညိုရာသီဥတု ဖြစ်ပေါ် လာပါက  ရေရှားပါးမှုဒဏ်ကို  ကြိုတင် ကာကွယ်ထားနိုင်မည်ဖြစ်ကြောင်း ပြော ကြားခဲ့ပြီး ထောက်ပံ့ငွေကျပ် ၁၈၆ သိန်း ကို ပြည်ထောင်စုဝန်ကြီးက လွှဲပြောင်းပေး အပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင် ထွေးမြင့်က လက်ခံရယူသည်။
အားကြိုးမာန်တက်ဆောင်ရွက်
ဆက်လက်၍  မူးယစ်ဆေးဖြတ်ပြီး သူများ        ပြန်လည်ထူထောင်ရေး လုပ်ငန်းအစည်းအဝေးကို    ကျင်းပရာ   ပြည်ထောင်စုဝန်ကြီးက မိမိဝန်ကြီးဌာန သည်   လူမှုကာကွယ်စောင့်ရှောက်ရေး  လုပ်ငန်းများကို    အားကြိုးမာန်တက် ဆောင်ရွက်လျက်ရှိရာ     မူးယစ်ဆေး ဖြတ်ပြီးသူများ  ပြန်လည်ထူထောင်ရေး လုပ်ငန်းသည်လည်း   တစ်ခုအပါအဝင် ဖြစ်ပါကြောင်း၊  အထူးသဖြင့်  တိုင်းရင်း သားများနေထိုင်သော ပြည်နယ်များတွင်   ဦးစားပေးပြီး မူးယစ်ဆေးဖြတ်ပြီးသူများ       မူးယစ်သံသရာ ပြန်မလည်စေရန် စခန်း အခြေပြုနှင့် ရပ်ရွာအခြေပြု မူးယစ်ဆေး ဖြတ်ပြီးသူများ၏  ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို  ဆောင်ရွက်နေပါကြောင်း၊ စိုက်ပျိုးရေး၊   မွေးမြူရေး၊   အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ သင်ကြားပေး ခြင်းဖြင့် ¤င်းတို့၏ ပတ်ဝန်းကျင်ဘဝသစ် တွင်  မိမိကိုယ်မိမိ ယုံကြည်မှုဖြင့် နေထိုင် သွားလာနိုင်ပြီး အကျိုးပြုသောသူများ ဖြစ်လာနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် ကရင်ပြည်နယ်တွင်  မူးယစ်ဆေးဖြတ်ပြီး သူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်း  များကို     ဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းပါဝင် အကြံပြုဆွေးနွေးကြပါရန်  ပြောကြားသည်။
ထို့နောက်  တက်ရောက်လာကြသူ များက    မူးယစ်ဆေးဖြတ်ပြီးသူများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဌာနဆိုင်ရာအလိုက် အကြံပြု ဆွေးနွေးခဲ့ကြပြီး လိုအပ်ချက်များအပေါ်  ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း    သတင်းရရှိ သည်။

သတင်းစဉ်

No comments:

Post a Comment