Thursday, November 29, 2018

ပြည်တွင်းပြည်ပသတင်းမီဒီယာအဖွဲ့ တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းသို့ သွားရောက်သတင်းယူ

Image may contain: 3 people, people sitting and indoor
မောင်တော နိုဝင်ဘာ ၂၈
မောင်တောမြို့၌ရောက်ရှိနေသော ပြည်တွင်းပြည်ပသတင်း ဌာနရှစ်ခုမှ သတင်းသမားများသည် ယနေ့နံနက်ပိုင်းတွင် တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိ ကြပြီး စခန်းအတွင်း ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေ ကို လှည့်လည်ကြည့်ရှုသတင်းရယူကြသည်။
သတင်းမီဒီယာအဖွဲ့သည် စတင်ဝင်ရောက်မည့်နေရာ ဖြစ်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံချစ်ကြည်ရေး တံတား၊ ကနဦးစစ်ဆေးမည့်နေရာ၊ မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့ဖူးခြင်း ရှိ၊ မရှိ စစ်ဆေးမည့်နေရာ၊ ဓာတ်ပုံ မှတ်တမ်းတင်မည့်နေရာ၊ အိမ်ထောင်စုစာရင်းပြုလုပ်ပေး မည့်နေရာ၊Biometric မှတ်တမ်းတင်မည့်နေရာ၊ National Verification ကတ်ပြုလုပ်ပေးမည့်နေရာ၊ ကျန်းမာရေးစစ်ဆေးမည့်နေရာ၊ ထောက်ပံ့ပစ္စည်းများ ပေးအပ်မည့်နေရာနှင့် ဝင်ရောက်လာသူများနေထိုင်ရန် တည်းခိုဆောင်များ ဆောက်လုပ်ထားမှုတို့ကို လှည့်လည် ကြည့်ရှု သတင်းရယူကြသည်။
သတင်းရယူ
ထို့နောက် သတင်းမီဒီယာအဖွဲ့သည် တောင်ပြို လက်ဝဲပြန်လည်လက်ခံရေးစခန်းတာဝန်ခံ ဒုတိယညွှန်ကြား ရေးမှူး ဦးစိုးထွန်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်တို့နှင့်တွေ့ဆုံ၍ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ပြန်လည် လက်ခံရေး၊ ပြန်လည်နေရာချထားရေးအတွက် ဆောင်ရွက် ထားမှုအခြေအနေတို့ကို မေးမြန်းသတင်းရယူကြသည်။
ယင်းနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီးတွင် နေထိုင်နေကြသည့် နေရပ်စွန့်ခွာ သူများကိုတွေ့ဆုံကာ လက်ရှိနေထိုင်စားသောက်မှုအခြေ အနေ၊ နေထိုင်သည့်လူဦးရေ၊ ကူညီထောက်ပံ့မှုအခြေ အနေ၊NV ကတ်ပြုလုပ်မည့်အပေါ် ၎င်းတို့၏သဘော ထားအမြင်၊ နေရပ်စွန့်ခွာခြင်းနှင့် နေရပ်သို့ ပြန်လည်မဝင် ရောက်ရသည့် အကြောင်းရင်းတို့ကို မေးမြန်းသတင်းရယူကြ သည်။
ယင်းနောက် သတင်းမီဒီယာအဖွဲ့သည် မင်းကြီး ကျေးရွာသို့ရောက်ရှိပြီး နေအိမ်များဆောက်လုပ်ပေးထားမှု အခြေအနေကို လှည့်လည်ကြည့်ရှုလေ့လာကာ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံ၍ ကျေးရွာနေပြည်သူများ၏ နေထိုင်စားသောက်မှုနှင့် ကူညီထောက်ပံ့ပေးမှုအခြေအနေ၊ ကျေးရွာရှိလူဦးရေနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို မေးမြန်းသတင်းရယူကြသည်။
သတင်းမီဒီယာအဖွဲ့သည် ညပိုင်းတွင် စစ်တွေမြို့မှ တစ်ဆင့် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြသည်။
သတင်းမီဒီယာအဖွဲ့များ ရခိုင်ပြည်နယ် မောင်တော ဒေသသို့ သွားရောက်သတင်းရယူမှုအနေဖြင့် ယခုအကြိမ် နှင့်ဆိုလျှင် စုစုပေါင်း ၂၉ ကြိမ်ရှိသွားပြီဖြစ်ပြီး ၂ဝ၁၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂ဝ၁၇ ခုနှစ်တွင် ရှစ်ကြိမ်၊ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ခြောက်ကြိမ်နှင့် ၂ဝ၁၈ ခုနှစ် မတ်လမှ စတင်၍ ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီ၏ အစီအစဉ်ဖြင့် တစ်လလျှင် နှစ်ခေါက်နှုန်းဖြင့် ၁၄ ကြိမ်ဖြစ်ကြောင်း သိရ သည်။
ကျော်သူထက်

No comments:

Post a Comment