Tuesday, November 27, 2018

လူ/ကယ်/ပြန် ဒုတိယဝန်ကြီး ဦးစိုးအောင်အား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး လာရောက်တွေ့ဆုံ

Image may contain: 8 people, people sitting, table and indoor


နေပြည်တော်   နိုဝင်ဘာ   ၂၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်အား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးH.E.  Mr. Ichiro Maruyama က ယနေ့  မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံးခန်းမ၌ လာရောက်တွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံစဉ်    ရခိုင်ပြည်နယ်  ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံအစိုးရမှ ကူညီဆောင်ရွက်ပေးနေသည့် ကိစ္စရပ်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ရောက်ရှိနေသော  နေရပ်စွန့်ခွာသူများ   ပြန်လည် လက်ခံရေးနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများနှင့် မြန်မာနိုင်ငံဘက်မှ ပြင်ဆင်ဆောင်ရွက်ထားရှိမှု များ၊ ဂျပန်နိုင်ငံအစိုးရမှ ဆက်လက်ပါဝင် ကူညီဆောင်ရွက်နိုင် မည့်ကိစ္စနှင့်  စပ်လျဉ်း၍  ရင်းနှီးပွင့်လင်းစွာ  တွေ့ဆုံဆွေးနွေခဲ့ ကြောင်း သတင်းရရှိသည်။                               
သတင်းစဉ်

No comments:

Post a Comment