Monday, November 26, 2018

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသ ၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနားကျင်းပ

Image may contain: 1 person, table and indoor


နေပြည်တော် နိုဝင်ဘာ ၂၅
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကုန်းသာကျောင်းတိုက် ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသ သက်တော်(၈၅)နှစ်၊ သိက္ခာတော်(၆၅)ဝါ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပုသိမ်မြို့ သရောင်းချောင်းသုသာန်၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ရဲဝင်းဦး၊ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်တို့ တက်ရောက်ပူဇော်ခဲ့ကြသည်။

အခမ်းအနားကို ဆရာတော် သံဃာတော် အရှင်သူမြတ်များ အမှူးပြုသော ပရိသတ် အားလုံးက သဗ္ဗေသင်္ခါရာ အနိစ္စာတိ— အစချီသော သုံးဂါထာကို ရွတ်ဆိုကာ သံဝေဂဉာဏ် ပွားများ၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ အကျိုးတော် ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသ သန်လျင်မြို့ မင်းကျောင်းဆရာ တော်ကြီးထံမှ ပရိသတ်များက ငါးပါး သီလခံယူဆောက်တည်၍ ဆရာတော် ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရဲဝင်းဦး၊ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့် တို့က စိန်ကတ္တီပါလွှမ်းခြုံ ပူဇော်သည်။

သဝဏ်လွှာဖတ်ကြားပူဇော်
ဆက်လက်၍ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၏ သံဝေဂဉာဏ်ပွားတော် မူကြောင်း သဝဏ်လွှာကို နိုင်ငံတော် သံဃနာယကအဖွဲ့၊တွဲဖက်အကျိုးတော် ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ ဒွိပိဋကဓရ၊ဘဒ္ဒန္တအဂ္ဂဓမ္မ၊ ဓမ္မရောင်ခြည်ကျောင်း မဟာထေရ်က ရွတ်ဖတ်ပူဇော်ကာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ဝမ်းနည်း ကြောင်း သဝဏ်လွှာဖတ်ကြားပူဇော်ပြီး ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာ အရှင်ဇောတိဿရက ဖတ်ကြားပူဇော် သည်။

ရေစက်ချ အမျှပေးဝေ
ယင်းနောက် ဆရာတော် သံဃာ တော်အရှင်သူမြတ်တို့အား သင်္ကန်း စသော လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းပြီး နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာဘိဝံသ သန်လျင်မြို့ မင်းကျောင်းဆရာတော် ကြီးက သံဝေဂဉာဏ်ပွားများတော် မူကြောင်း မရဏနုဿတိ ဘာဝနာ တရားနှင့် ရေစက်ချ အမျှပေးဝေ၍ အခမ်းအနားပထမပိုင်းကို ရုပ်သိမ်း ခဲ့သည်။

တောင်းပန်လျှောက်ထား
အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ နိုင်ငံတော် သြဝါဒါစရိယ ပုသိမ်မြို့ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဝိဿုတ အရှင်သူမြတ်က ဂုဏထောမနာဂါထာနှင့် ပ္ဆိမဝန္ဒနာဂါထာတို့ကို ရွတ်ဖတ်ပူဇော်၍ တပည့်သံဃာ၊ ‘ဒါယကာ ဒါယိကာမ များက အပြစ်ရှိလျှင် သည်းခံခွင့်လွှတ် တော်မူပါရန် နောက်ဆုံးကန်တော့ တောင်းပန်လျှောက်ထားသည်။

ဆက်လက်၍ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ကရဝိက်ယာဉ် ဖြင့် အန္တိမအဂ္ဂိဈာပနကျင်းပရာ ဌာနသို့ ပင့်ဆောင် မီးပူဇော်ပြီးအရိုး တော်ပြာတော်များအား ရတနာရွှေအိုး၊ ငွေအိုးတွင် ထည့်သွင်းပူဇော်၍ ဥဒက ပဝါဟန ရေမျှောပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment