Saturday, November 3, 2018

မန္တလေး-ပုဂံ အမြန်ရထား နေ့ခရီးစဉ် ပြောင်းလဲပြေးဆွဲပေးရန် ဒေသခံများလိုလား


Image may contain: train and outdoor
ထင်သာမြင်သာပြုပြင်စရာ

မန္တလေး-ပုဂံ အမြန်ရထားများဖြစ်သော ၁၁၉ နှင့်  ၁၂ဝ ရထားများမှာ ညအချိန် ပြောင်းလဲပြေးဆွဲလျက်ရှိရာ    ဖြတ်ကျော်သွားသော လမ်းခရီးတစ်လျှောက် မြို့နယ်များ ရှိဒေသခံများက ရထားများနေ့အစုန်အဆန်ပြောင်းလဲပြေးဆွဲပေးရန် လိုလားနေ ကြသည်။
  ပုဂံ-မန္တလေး ဘုရားဖူးအဆင်ပြေနိုင်သော်လည်း ဖြတ်သန်းနေသော တံတားဦး၊ မြို့သာ၊ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာမြို့နယ်များရှိ  ကျေးရွာ ၅ဝ ကျော်တို့မှာ ညအချိန် ပြေးဆွဲနေမှုကြောင့် ရထားကို မစီးနိုင်ဘဲ ဖြစ်နေကြသည်။
 အမြန်ရထားနှစ်စင်းလုံး နွားထိုးကြီးဘူတာတွင်  ည ၁ နာရီဝန်းကျင်   ဆုံမှတ် အဖြစ်   စောင့်ဆိုင်းပြေးဆွဲနေသော်လည်း   ခရီးသွား အတက်အဆင်းမရှိကြောင်း နွားထိုးကြီးဒေသခံများက ပြောသည်။
ရထားစီးခ  သက်သာသော်လည်း  ပုဂံ- မန္တလေးဘုရားဖူးတို့မှာ ကားကိုသာ အစီးများနေကြ၍ အမြန်ရထားမစီးကြပါ။ နိုင်ငံခြားသားများမှာလည်း ကား၊ စက်ဘီး၊ ဆိုင်ကယ်အစီးများနေသည်ဟုလည်း  သိရသည်။ ''ကျွန်မတို့ မိန်းကလေးတစ်ယောက် တည်းဆိုရင် ညရထား မစီးရဲပါဘူး။ လုံခြုံမှုမရှိတဲ့အတွက်   ညရထားက အဆင်မပြေပါ ဘူး။ နွားထိုးကြီး- မြင်းခြံ ဈေးလိုက်ဖို့ ညရထားကြောင့် အဆင်မပြေဖြစ်နေပါတယ်'' ဟု ဒေသခံများက   ပြောသည်။   ကြားဘူတာတွင် ရထားအတက်အဆင်းမရှိ၍  ပုဂံရထားကို နေ့အစုန်အဆန် ရထားအဖြစ် ပြန်လည်ပြောင်းပေးရန်  လိုလားလျက်ရှိ ကြောင်း သိရသည်။                                   ဌေးမြင့်မောင်


No comments:

Post a Comment