Thursday, November 1, 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ဗင်နီဇွဲလားဘိုလီဗာရီယန်နိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်


Image may contain: 1 person, standing
နေပြည်တော် အောက်တိုဘာ ၃၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ ဗင်နီဇွဲလားဘိုလီဗာရီယန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဟိုလ်ဟေ ရွမ်ဒမ် ဥဇ်ကတယ်ဂီ သည် ယနေ့နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ၄င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်တို့ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment