Saturday, October 27, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ပူးပေါင်းဖော်ဆောင်ရေး ဂျပန်နိုင်ငံတွင် ဆွေးနွေး

Image may contain: 3 people, people smiling, people standing and suit
နေပြည်တော်  အောက်တိုဘာ ၂၆
လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ  လွှတ်တော်အဆောက်အအုံ၌  ဂျပန်- မြန်မာ  လွှတ်တော်ကိုယ်စားလှယ်များ  ချစ်ကြည် ရေးအဖွဲ့၏  ဥက္ကဋ္ဌ Mr.Aisawa Ichiro  နှင့်                  လွှတ်တော်  ကိုယ်စားလှယ်များနှင့်      တွေ့ဆုံ၍ နှစ်နိုင်ငံ  ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအား   အပြန်အလှန်  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဝန် ထမ်းဝန်ကြီးဌာန ဝန်ကြီးဟောင်းဖြစ်သူ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ၏ အမှုဆောင် ကောင်စီဥက္ကဋ္ဌ Mr.Katsunobu  နှင့် ယင်းပါတီဌာနချုပ်၌ တွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံစဉ်   မြန်မာနိုင်ငံ၏   နိုင်ငံရေး             ပြုပြင်ပြောင်းလဲမှုများ၊  မသန်စွမ်းသူများ အလုပ် အကိုင်ရရှိရေး၊ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်မှု ဆိုင်ရာသင်တန်းများ  ဖွင့်လှစ်နိုင်ရေးနှင့် လူမှုဝန်ထမ်း လုပ်ငန်းဆိုင်ရာ ပညာရှင်များ၊ လေ့ကျင့်သင်ကြား ပေးရေးကိစ္စရပ်များတွင်  နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်း၌ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်Tsukuba School  for the Blind သို့ သွားရောက်၍ အမြင်အာရုံဆုံးရှုံးသူများနှင့် ချို့တဲ့သူ များအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များ လေ့ကျင့်သင်ကြားပေးနေမှုများအား သွားရောက် လေ့လာခဲ့ပြီး  ယင်းကျောင်းတွင်  မြန်မာနိုင်ငံမှ လာရောက်ပညာသင်ကြားနေကြသော သင်တန်း သားများအား  တွေ့ဆုံ၍ အားပေးစကားပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်  ဂျပန် နိုင်ငံ ကျန်းမာရေး၊  အလုပ်သမားနှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာနဝန်ကြီးဟောင်း Mr.Katsunobu  နှင့်  တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသော         လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊  မသန် စွမ်းသူများအတွက်မူဝါဒများ၊ ဥပဒေများ၊ နည်းဥပဒေ များဖြင့်  အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်          ပေးမှုများအား  လေ့လာ၍  မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့်   ကိစ္စရပ်များအား  အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
 ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်Japan Air Lines (JAL) ၌ မသန်စွမ်းသူများအား အလုပ်ခန့်ထား၍          လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နေမှုများကို   သွားရောက်လေ့လာခဲ့ ကြကြောင်း သတင်းရရှိသည်။          
  
 သတင်းစဉ်

No comments:

Post a Comment