Saturday, October 27, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် သံတွဲမြို့၌ ကလေးစာပေပွဲတော်ကျင်းပရန် ပြင်ဆင်နေမှု ကြည့်ရှုစစ်ဆေး


Image may contain: 7 people, indoor 

သံတွဲ အောက်တိုဘာ ၂၆

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ နံနက်ပိုင်း တွင် သံတွဲမြို့သို့ ရောက်ရှိပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် သံတွဲမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသော လူနာများအား လှည့်လည် နှုတ်ဆက်အားပေးကာ ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် သံတွဲမြို့ ဒွါရာဝတီခန်းမ၌ ကလေးစာပေပွဲတော်ကျင်းပရန် ပြင်ဆင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ၄င်း၌ စုဝေးရောက်ရှိနေကြသော စာရေး ဆရာများနှင့် တွေ့ဆုံကာ စာပေရေးရာများကို ဆွေးနွေးသည်။

ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အတူ သံတွဲမြို့တွင် လူထု အခြေပြုဗဟိုဌာန ဆောက်လုပ်နိုင်မည့် အခြေအနေကို လှည့်လည်ကြည့်ရှုကြသည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရုံးနှင့် စာကြည့် တိုက်ကို''လူထုအခြေပြုဗဟိုဌာန'' အဖြစ် အဆင့်မြှင့်တင်နိုင်ရန် ပြင်ဆင်ဆောင်ရွက် နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

သတင်းစဉ်

No comments:

Post a Comment