Tuesday, October 2, 2018

တုန်းပုကျေးလက်ကျန်းမာရေးဌာနခွဲ အမြန်ဖွင့်လှစ်ပေးရန် ဒေသခံများမျှော်လင့်နေ

Image may contain: outdoor
ထင်သာမြင်သာပြုပြင်စရာ


စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် တာပေါအုပ်စု တုန်းပု ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအဆောက်အအုံကို ငွေကျပ် သိန်း ၃ဝဝ ခန့် ကုန်ကျခံကာ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်က ကိုယ့်အားကိုယ်ကိုးဆောက်လုပ် ထားပြီး ကျန်းမာရေးဌာနခွဲကို အမြန်ဖွင့်လှစ်ပေးနိုင်ရန် ဒေသခံများက မျှော်လင့်နေ ကြကြောင်း သိရသည်။

အဆိုပါ ကျေးလက်ကျန်းမာရေးဌာနခွဲ၏ မြေအကျယ်အဝန်းမှာ အလျား ပေ ၁၂ဝ၊ အနံ ၅၅ ပေ ၊ အဆောက်အအုံမှာ အလျား ပေ ၃ဝ ၊ အနံ ပေ ၂ဝ ၊ အမြင့် ၁၅ ပေရှိပြီး ကျေးရွာလူထုထည့်ဝင်ငွေကျပ် သိန်း ၃ဝဝ ခန့် ကုန်ကျခံ တည်ဆောက် ခဲ့ကြောင်း သိရသည်။

''တုန်းပုကျေးရွာမှာ ငွေကျပ်သိန်း ၃ဝဝ ခန့်ကုန်ကျခံပြီး ၂ဝ၁၂-၂ဝ၁၃ ခုနှစ်က ကိုယ့်အားကိုယ်ကိုး ဆောက်လုပ်ထားပြီးဖြစ်တဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံနဲ့မြေနေရာကို မြို့နယ်ကျန်းမာရေးဦးစီးဌာနကို လွှဲပြောင်းပေးအပ် ထားပြီးဖြစ်လို့ အမြန်ဖွင့်လှစ်ပေးနိုင်ဖို့ ဒေသခံတွေ မျှော်လင့်နေကြပါတယ်။ ဒီလိုဖွင့်လှစ်ပေးနိုင်ပါက ကျေးရွာသူ ကျေးရွာသားတွေရဲ့ သာမန်ကျန်းမာရေး အခြေအနေတွေကို အင်းတော်မြို့ပေါ်မှာ သွားရောက်ကုသဖို့ မလိုတော့သလို အနီးနားက တာပေါကျေးရွာ၊ ကျွဲကောလေး ကျေးရွာနဲ့ သီလကျေးရွာတို့ကလည်း တုန်းပုရွာ ဆေးခန်းမှာ ကျန်းမာရေးစောင့်ရှောက်မှုကို ပြည့်ပြည့်ဝဝခံစားနိုင်မှာဖြစ်လို့ ကျေးလက်ကျန်းမာရေးဌာနခွဲကို အမြန်ဖွင့်လှစ်ပေးနိုင်ဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်''ဟု ဒေသခံတစ်ဦးက ပြောသည်။
ကိုမင်း(အင်းတော်)

No comments:

Post a Comment