Thursday, October 25, 2018

ဒေသနှင့်ကိုက်ညီသည့် သစ်မျိုး၊ ဝါးမျိုးများကို စိုက်ခင်းတစ်ခုနှင့်တစ်ခုအကြား ကြားခံနယ်နိမိတ်မြေများတွင် ထည့်သွင်းစိုက်ပျိုးရန် ဆွေးနွေးမှာကြား





Image may contain: 3 people, people sitting, table and indoor
 နေပြည်တော် အောက်တိုဘာ ၂၄



သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် ကြို့ကုန်း သစ်တောဝင်းအတွင်းရှိ သစ်တောဦးစီး ဌာနရိပ်သာတွင် ပုဂ္ဂလိကသစ်တော စိုက်ခင်း တည်ထောင်သည့် Forest Farm Family ကုမ္ပဏီနှင့် မြန်မာနိုင်ငံ ကြိမ်ဝါးလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များအား လက်ခံတွေ့ဆုံ သည်။
လုပ်ငန်းဆောင်ရွက်မှုရှင်းလင်းတင်ပြ
တွေ့ဆုံစဉ် Forest Farm Family ကုမ္ပဏီမှ ရှမ်းပြည်နယ်မြောက် ပိုင်း၊ ကျောက်မဲခရိုင် နောင်ချိုမြို့နယ် အတွင်း ယူကလစ်စပ်မျိုး ဧက ၅ဝဝ စိုက်ပျိုးထားခြင်းအပါအဝင် ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် စီးပွားဖြစ်သစ်တောစိုက်ခင်း တည်ထောင် ခြင်း လုပ်ငန်းများနှင့် စပ်လျဉ်းပြီး စက်ယ္တရားများအသုံးပြု၍ လုပ်ငန်းများ ဆောင်ရွက်နေမှု၊ စိုက်ခင်းပြုစုပျိုးထောင် ခြင်းနှင့် ခုတ်လှဲထုတ်လုပ်ခြင်း လုပ်ငန်း များ အဆင်ပြေလွယ်ကူချောမွေ့စေရန် အတွက် ပန္နက်အကွာအဝေးသတ်မှတ် ခြင်း၊ (၁)ဟက်တာကွက်များအပေါ် အခြေခံ၍ စိုက်ခင်းအုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ အပူချိန်၊ မိုးရေချိန်၊ စိုထိုင်းစများကို စနစ်တကျ တိုင်းတာ မှတ်တမ်းတင်ထားရှိမှုများအား လည်း ကောင်း၊ ဆက်လက်ဆောင်ရွက်မည့် ဂေဟစနစ် အခြေခံခရီးသွားလုပ်ငန်း၊ သစ်အခြေခံလုပ်ငန်းစွန့်ပစ်ပစ္စည်းများမှ လောင်စာထုတ်လုပ်မည့် လုပ်ငန်းနှင့် ဒေသခံများနှင့်ပူးပေါင်း၍ သီးနှံသစ်တော ရောနှောစိုက်ပျိုးပြီး သစ်တောစိုက်ခင်း တည်ထောင်မည့် လုပ်ငန်းအစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု တို့အား Plantation Business Models များဖြင့် လည်းကောင်း၊ စီးပွား ဖြစ် သစ်တောစိုက်ခင်းတည်ထောင်ခြင်း များအတွက် အားသာချက်၊ အားနည်း ချက်များအား လည်းကောင်း ရှင်းလင်း တင်ပြသည်။
စောင့်ကြည့်လေ့လာရန်လိုအပ်
ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ယူကလစ်စပ်မျိုး များသည် နှစ်တိုခုတ်ဖြင့် စိုက်ပျိုးနိုင် သည့်အတွက် စီးပွားရေးအရ တွက်ခြေ ကိုက်သည့် အကြီးမြန်သစ်မျိုးဖြစ်သော် လည်း ဧရိယာဧကကြီးမားကျယ်ပြန့်စွာ စိုက်ခင်းတည်ထောင်မည်ဆိုပါက ရေနှင့် မြေဆီလွှာထိခိုက်ပျက်စီးနိုင်မှု ရှိ၊ မရှိ နှစ်ရှည်သုတေသနပြု စောင့်ကြည့် လေ့လာရန် လိုအပ်ကြောင်း၊ မြေဆီလွှာ အတန်းအစားကျဆင်းခြင်း၊ မြေအောက် ရေမျက်နှာပြင် လျော့နည်းကျဆင်းခြင်း များ ရှိ၊ မရှိ အထူးသုတေသနပြု စောင့်ကြည့်ရန်လိုအပ်ကြောင်း၊ ဒေသခံ ပြည်သူများအနေဖြင့် စိုက်ခင်းလုပ်ငန်း များကြောင့် ¤င်းတို့ပတ်ဝန်းကျင် မပျက် စီးကြောင်း အပြည့်အဝယုံကြည်မှုရှိစေရန် သက်သေပြနိုင်ရန် လိုအပ်ကြောင်း၊ ဒေသ နှင့် ကိုက်ညီသည့် ခါတော်မီကဲ့သို့ သစ်မျိုး များနှင့် ဝါးမျိုးများကိုလည်း စိုက်ခင်း တစ်ခုနှင့်တစ်ခုအကြား ကြားခံနယ်နိမိတ် မြေများတွင် ထည့်သွင်းစိုက်ပျိုးရန် ဆွေးနွေးမှာကြားသည်။
ဦးစားပေးဆောင်ရွက်စနစ်
ထို့နောက် မြန်မာနိုင်ငံ ကြိမ်ဝါး လုပ်ငန်းရှင်များအသင်းမှ ဒေသရာသီဥတု နှင့် ကိုက်ညီပြီး ဈေးကွက်ဝင် တန်ဖိုးမြင့် ဝါးမျိုးစိတ်များအား ပြည်ပမှ တင်သွင်း စိုက်ပျိုးမည့် အစီအစဉ်၊ ပြည်ပနိုင်ငံများ တွင် ဝါးစိုက်ပျိုးခြင်း၊ ကုန်ချောပစ္စည်းများ ထုတ်လုပ်ခြင်းတို့အတွက် နည်းပညာ ပိုင်းဆိုင်ရာ လေ့လာတွေ့ရှိမှုများ၊ ၂ဝ၁၉ ခုနှစ်မှ ၂ဝ၂၄ ခုနှစ်အထိ ခြောက်နှစ်တာ ကာလအတွင်း ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဒေသခံပြည်သူများ အား ဦးစားပေးဆောင်ရွက်စနစ်ဖြင့် ဝါးစိုက်ခင်းဧက ၅ဝဝဝ စိုက်ပျိုး တည်ထောင်ခြင်း၊ ဝါးအခြေခံစက်မှု လုပ်ငန်းများ တည်ထောင်ခြင်း၊ ထုတ်ကုန် များအတွက် ဈေးကွက်ရှာဖွေခြင်း၊ အခြေခံအဆောက်အအုံများနှင့် ရင်းနှီး မြှုပ်နှံမှုများအတွက် ကူညီပံ့ပိုးမှုများ ရရှိနိုင်မည့် နည်းလမ်းများ ရှာဖွေခြင်း စသည့် အစီအစဉ်များ ပါဝင်သော Integrated Bamboo Industrial Zone တည်ထောင်မည့် အစီအစဉ်များ အား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက စီးပွားဖြစ်ဝါးအခြေခံစက်မှု လုပ်ငန်းများ ကုန်ကြမ်းရရှိမှု သေချာ စေရေး၊ ဈေးကွက်ခိုင်မာစေရေး၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့် သတင်းအချက်အလက်များ မျှဝေ ခြင်းတို့အတွက် စိုက်ပျိုးသူများ၊ ကုန်ထုတ် လုပ်ငန်းဆောင်ရွက်သူများ၊ ဈေးကွက် ရှာဖွေတင်ပို့ရောင်းချသူများ စသည့ှ်Stakeholders များအားလုံး တစ်စု တစ်စည်းတည်း ဖြစ်စေရန်အတွက် Conceptual Plan ခိုင်မာစွာ ရှိရန် လိုအပ်ကြောင်း၊ စိုက်ခင်းတည်ထောင် ခြင်းအပါအဝင် လုပ်ငန်းမတည်ရင်းနှီး ငွေများအတွက် အတိုးနှုန်းသက်သာစွာ ဖြင့် ချေးငွေရရှိရေး အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများအသွင် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment