နေပြည်တော် အောက်တိုဘာ ၂
အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ရောက်ရှိနေသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် သည် အောက်တိုဘာ ၁ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် နယူးယောက်မြို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး ဧည့်ခန်းမ၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba အား လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ ရခိုင် ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ နေရပ်စွန့်ခွာသွားသူများ ပြန်လည် လက်ခံရေး၊ ပြန်လည်နေရာချထား ရေးနှင့် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာ နိုင်ငံအစိုးရက ဆောင်ရွက်လျက် ရှိသည့် ဖြစ်ပေါ်တိုးတက်မှုများ၊ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အရွယ်မရောက်သူများ စစ်မှု ထမ်းခြင်းမှ တားဆီးလျှော့ချရေး ပူးတွဲစီမံချက် အပြီးသတ် အကောင် အထည်ဖော် ဆောင်ရွက်ရေးကိစ္စရပ် များ၊ ကလေးသူငယ်များ အခွင့် အရေး ပိုမိုတိုးတက်ရရှိရန် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ ကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီး သည် ယင်းနေ့ နံနက် ၁ဝ နာရီတွင် Asia Society Policy Institute မှ ဦးဆောင်ညွှန်ကြားရေးမှူး Ms. Debra Eisenman အား လက်ခံ တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အရေး ကိစ္စနှင့်ပတ်သက်၍ နေရပ်စွန့်ခွာ သွားသူများ ပြန်လည်လက်ခံရေး၊ ပြန်လည် နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ နှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရက ဆောင်ရွက်လျက်ရှိသည့် ဖြစ်ပေါ် တိုးတက်မှုများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment