Wednesday, October 24, 2018

အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲ ကျင်းပ





ရန်ကုန် အောက်တိုဘာ ၂၃ 



 ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) အဆင့် မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ် စဉ် (၁၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကေတုမတီခန်းမ၌ ကျင်းပ သည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ဝင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုး၊ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြားရေး၊ စီမံဌာနများမှ ပါမောက္ခ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိ သူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အမြဲတမ်းအတွင်း ဝန်က ယခုသင်တန်းကို အဆင့်မြင့်အရာရှိ ကြီးများ၏ အရည်အသွေးများ မြင့်မား ထက်မြက်လာစေရန်အတွက် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယခင် ဖွင့်လှစ် ပြီးမြောက်ခဲ့သည့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်းများတွင် တက်ရောက် ခဲ့ကြသည့် သင်တန်းသား သင်တန်းသူ များမှာ ပြည်တွင်း၊ ပြည်ပပို့ချဆရာများနဲ့ အပြန်အလှန် ဆွေးနွေးနိုင်ခဲ့ပြီး မိမိတို့၏ ဝန်ကြီးဌာနများနှင့် နိုင်ငံ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ခဲ့သည့်အတွက် ယခု သင်တန်းမှ သင်တန်းသား သင်တန်းသူ များကလည်း အလားတူ ဆွေးနွေးနိုင်ရန် လေ့လာသင်ယူကြိုးစားကြပါဟု တိုက် တွန်းပါကြောင်း။
နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော် အစိုးရ၏ မူဝါဒများကို လက်တွေ့အကောင် အထည်ဖော်ပေးနေသည့် အင်အားစုများ ဖြစ်ပြီး ပြည်သူလူထုအတွက် အခြေခံ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးရန် တာဝန်ရှိသူများလည်း ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းအများစုသည် အစိုးရကို ကိုယ်စားပြုသူများ ဖြစ်သောကြောင့် အစိုးရနှင့် ပြည်သူကြား ယုံကြည်မှု တည်ဆောက်ရေးမှာ အခရာကျသူများ ဖြစ်ကြောင်း။
ပြည်သူများကို အနီးကပ်ဝန်ဆောင် မှုပေးရသည့် နိုင်ငံ့ဝန်ထမ်း၏ စွမ်းအားနှင့် စွမ်းဆောင်ရည်တို့သည် အရေးကြီးသည့် အတွက် စွမ်းအားနှင့် စွမ်းဆောင်ရည်များ အစဉ်တိုးတက်နေစေရန် ပညာသစ်၊ အတွေ့အကြုံသစ်များကို ဆက်လက် လေ့လာသွားကြရန်၊ ပညာသစ် အတွေ့ အကြုံသစ်များကို လေ့လာသည့်နေရာ တွင် မိမိ၏ ကိုယ်ပိုင်အရည်အသွေး တိုးတက်စေရန်အတွက်သာမက မိမိလက် အောက်ရှိ အရာထမ်း၊ အမှုထမ်းများ၏ အရည်အသွေးနှင့် စိတ်ဓာတ်များကိုလည်း ပိုမိုတိုးတက်လာစေရန် မြှင့်တင်ပေးနိုင်ရန် ကြိုးစားကြရန် တိုက်တွန်းမှာကြားလိုပါ ကြောင်း။
နိုင်ငံ့ဝန်ထမ်းများအတွင်းမှာ ကျင့် ဝတ်သိက္ခာနှင့် သမာသမတ်ရှိပြီး အရည် အသွေးပြည့်ဝသည့် စီမံခန့်ခွဲမှုများ ရှိမှသာ ပွင့်လင်းမြင်သာမှုရှိပြီး ပြည်သူ များ၏ လိုအပ်ချက်ကို ဘက်လိုက်ခြင်း ကင်းစွာ တန်းတူညီမျှ တုံ့ပြန်ဖြည့်ဆည်း ပေးနိုင်မည့် သန့်ရှင်းသောအစိုးရ ပေါ်ထွန်းလာမှာဖြစ်ကြောင်း ပြောကြား ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ဝန်ကြီးဌာန၊ အဖွဲ့အစည်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ၁၇ ခုမှ ညွှန်ကြားရေးမှူး အဆင့် သင်တန်းသား ၂၆ ဦး၊ သင်တန်းသူ ၁ဝ ဦး စုစုပေါင်း ၃၆ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၁၄ ရက် အထိ ရက်သတ္တရှစ်ပတ်ကြာမြင့်မည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment