Wednesday, October 24, 2018

နောင်ချိုမြို့နယ်ရှိ သပြေညီနောင် အောင်ဇေယျမုနိစေတီတော် ရွှေထီးတော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ




 
 
Image may contain: 5 people, people smiling, indoor
နေပြည်တော် အောက်တိုဘာ ၂၃
 
 
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ငုက္ခလေး ကျေးရွာအနီးရှိ သပြေညီနောင် အောင်ဇေယျမုနိစေတီတော် ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် အလှူတော်မင်္ဂလာအခမ်းအနားအား ယနေ့ နံနက်ပိုင်း တွင် ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုကြသည်။
စည်ကားသိုက်မြိုက်စွာ တက်ရောက်
အခမ်းအနားတွင် နိုင်ငံတော်သြဝါဒါစရိယ နောင်ချိုမြို့ ဘန့်ဘွေးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တဥတ္တရအမှူးပြုသော သံဃာတော် အရှင်သူမြတ်များြ<ွကရောက်ချီးမြှင့်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော် အရာရှိကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အောင်ဇော်အေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက် လာကြသူများက နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် လားရှိုးမြို့ အေတီ တပ်ဦး ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဥတ္တမထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး မေတ္တသုတ် ပရိတ်တရားတော်များ နာယူကြသည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် ဇနီးတို့က ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများအား ဘန့်ဘွေး ကျောင်းတိုက်ဆရာတော်ထံ ဆက်ကပ် လှူဒါန်းပြီး သပြေညီနောင် အောင်ဇေယျ မုနိစေတီတော် ပြုပြင်မွမ်းမံနိုင်ရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစု များကလှူဒါန်းသည့် အလှူငွေကျပ်သိန်း ၅ဝ အား ငုက္ခလေးကျောင်းတိုက် ဆရာ တော် ဘဒ္ဒ္တ စန္ဒိမာထံ ဆက်ကပ်လှူဒါန်း သည်။
ဆက်ကပ်လှူဒါန်း
ဆက်လက်ပြီး ကာကွယ်ရေးဦးစီး ချုပ် (လေ)နှင့် ဇနီး၊ တပ်မတော်အရာရှိ ကြီးများနှင့် တိုင်းမှူးတို့က ရွှေထီးတော် ဘုံအဆင့်ဆင့်နှင့် လှူဖွယ်ပစ္စည်းများအား သံဃာတော် အရှင်သူမြတ်များထံ ဆက် ကပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော် သြဝါဒါစရိယ နောင်ချိုမြို့ ဘန့်ဘွေးကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဥတ္တရထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။
ပင့်ဆောင်တင်လှူပူဇော်
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်အား ပင့် ဆောင်၍ စေတီတော်ကြီးအား လက်ယာ ရစ် သုံးကြိမ် လှည့်လည်ပူဇော်ကြပြီး ရွှေထီးတော်ဘုံအဆင့်ဆင့်အား မင်္ဂလာ ရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်တင်လှူပူဇော်ကြသည်။
ထို့နောက် သံဃာတော်များက စေတီတော်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်း တော်မူကြသည်။
အခမ်းအနားအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အခမ်း အနား တက်ရောက်လာကြသူများသည် ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment