Saturday, October 27, 2018

ဗန်းမောက်နှင့် နောင်မလိန်သွားကားလမ်း ပျက်စီးမှုများ ပြုပြင်ပေးစေလို


Image may contain: sky, outdoor, nature and water
ထင်သာမြင်သာပြုပြင်စရာ


စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်ရှိ ဗန်းမောက်နှင့် နောင်မလိန် သွားသည့် ကားလမ်းမကြီးသည် ပျက်စီးလျက်ရှိနေသောကြောင့် မြို့နယ်သက်ဆိုင် ရာမှ ပြန်လည်ပြုပြင်ပေးရန် လိုအပ်လျက်ရှိနေကြောင်း သိရသည်။
''ဒီလအတွင်းမှာ မိုးက မကြာခဏရွာနေတယ်။ မိုးရွာတော့ လမ်းတွေဟာလည်း ပျက်စီးနေတယ်။ လမ်းတည့်တည့်မှာ ရေအိုင် ချိုင့်ခွက်တွေဖြစ်နေတော့ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ သွားလာတဲ့အခါ သတိထား နေရပါတယ်'' ဟု ပန်းတောကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။
ဗန်းမောက်မြို့အနီးရှိ ကွက်သစ်ရပ်လမ်းထွက်ဖြစ်သည့် မြို့၏အရှေ့မြောက်ဘက် တွင်ရှိသော ဗန်းမောက်နှင့် နောင်မလိန်ကျေးရွာကြားရှိ ကျေးရွာများသို့ ဆက်သွယ် သွားလာရသော လမ်းမကြီးဖြစ်သည်။ အောက်တိုဘာလအတွင်းက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပျက်စီးနေသော ယင်းလမ်းမကြီးကို သက်ဆိုင်ရာက ပြန်လည်ပြုပြင် ပေးရန် လိုလားလျက်ကြောင်း သိရသည်။
သန်းမောင်လေး (ကချင်မြေ )

No comments:

Post a Comment