Sunday, October 28, 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို ပုသိမ်တံတားအမှတ်(၂) ပန္နက်တော်တင် တွင်းတော်ဝန်း ရတနာပိုင်တိုင်စိုက်ထူခြင်း အခမ်းအနားသို့ တက်ရောက် ပန္နက်တော်တင်ပေး

Image may contain: 8 people, people smiling, people standing

နေပြည်တော် အောက်တိုဘာ ၂၇

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ ဦးကျော်မျိုး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ တပ်မတော်အထူးလေယာဉ်ဖြင့် ထွက်ခွာရာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့အား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းထွန်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးသိန်းရွှေ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ပုသိမ်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ပုသိမ်တံတားအမှတ်(၂) ပန္နက်တော်တင် တွင်းတော်ဝန်း ရတနာပိုင်တိုင်စိုက်ထူခြင်း မင်္ဂလာအခမ်းအနားသို့ တက်ရောက်ရန် အခမ်းအနားကျင်းပမည့်နေရာသို့ မော်တော်ယာဉ်များဖြင့် သွားရောက်ကြရာ လမ်းဘေး ဝဲယာတစ်လျှောက်၌ ဒေသခံပြည်သူများနှင့် ဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ကြ သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ပုသိမ်တံတားအမှတ်(၂) ပန္နက် တော်တင် တွင်းတော်ဝန်း ရတနာပိုင်တိုင်စိုက်ထူခြင်း မင်္ဂလာအခမ်းအနားသို့ တက် ရောက်သည်။

မင်္ဂလာအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်၊ ဦးအုန်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌတို့က သတ်မှတ်နေရာများတွင် ပန္နက်တော်များ တင်ပေးကြပြီး တွင်းတော်ဝန်းပေးကြကာ အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက အမှတ်(၁)ပန္နက်တော် ရတနာပိုင်တိုင်(Stand Pipe)ကို စက်ခလုတ်နှိပ် ပန္နက်တော် တင်ပေးပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတအား တံတားတည်ဆောက်ရေး ရှင်းလင်းဆောင်၌ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပုသိမ်တံတားအမှတ်(၂) တည်ဆောက်မည့် တည်နေရာ၊ ရည်ရွယ်ချက်၊ တိုင်းတာခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှု၊ တည် ဆောက်ရေးဧရိယာအတွင်း ရောက်ရှိနေသည့် နေအိမ်များနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့မှု၊ ၂ နှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်သွား မည့် အခြေအနေများ၊ တံတားစီမံကိန်းဆိုင်ရာ အချက်အလက် များ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း တံတားများ တည်ဆောက် ထားမှုအခြေအနေ၊ ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာရေးနှစ်အတွင်း သကံ တံတားနှင့် စက်ဆန်းတံတား တည်ဆောက်ဖွင့်လှစ်ပြီးစီးခဲ့သည့် အခြေအနေ၊ မကြာမီဖွင့်လှစ်မည့် ရွှေသောင်ယံ (မကျီးချောင်း)တံတားနှင့် ငဝန်(လေးမျက်နှာ) တံတားပြီးစီးခဲ့မှု၊ မြောင်းမြ တံတား၊ စော်ကဲတံတားနှင့် ကျွန်းပြဿဒ်တံတားတို့ တည် ဆောက်နေမှုအခြေအနေ၊ ယခု ဘဏ္ဍာနှစ်အတွင်း မူလ ကြိုးတံတားများဖြစ်သည့် ရွှေလောင်းတံတား၊ ဝါးခယ်မတံတား၊ ကျွန်းကုန်းတံတားနှင့် လပွတ္တာ(ပင်လယ်လေး)တံတားတို့အား အဆင့်မြှင့်တင် တည်ဆောက်မည့် အစီအစဉ်များနှင့် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာလျာထားသည့် သက္ကယ်သောင် မြစ်ကူးတံတားနှင့် ကျိုက်လတ်မြစ်ကူးတံတား အခြေအနေတို့နှင့် ငရုတ်ကောင်း - ငွေဆောင်- ချောင်းသာ - ရွှေသောင်ယံ - ကျောက်ချွန် - ဂွလမ်းပေါ်တွင် ဆက်လက်တည်ဆောက်သွားမည့် တံတားများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

အရည်အသွေးကောင်းမွန်မှုရှိရန်လို
ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက တံတားတည်ဆောက်ရာတွင် နိုင်ငံတော်မှ ကုန်ကျမည့် ဘဏ္ဍာ ငွေနှင့် ညီမျှသည့် အရည်အသွေးကောင်းမွန်မှုရှိရန်လိုကြောင်း၊ ဘဏ္ဍာငွေအလေအလွင့် မရှိစေရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူများက ဝိုင်းဝန်းကြပ်မတ်ပေး ကြစေလိုကြောင်း၊ တံတားတည်ဆောက်ရေးကာလအတွင်း ရေကြောင်းသွားလာမှု အဆင်ပြေစေရေးအတွက် ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ယခု တံတားတည်ဆောက်ပြီးစီးပါက ပုသိမ်မြို့အနောက်ဘက်အခြမ်းဒေသမှ ပြည်သူများ လူမှုစီးပွား ဘဝမြင့်မားလာမည် ဖြစ်ပါကြောင်း၊ စီမံကိန်းပါ တံတားများ တည်ဆောက်ပြီးစီးပါက ပုသိမ်မြို့သည် တိုင်းမြို့အင်္ဂါရပ်ဖြင့် ညီညွတ်လာမည်ဖြစ်ပါကြောင်း၊ တံတားတည်ဆောက်ရေးဧရိယာ အတွင်းကျရောက်သည့် အဆောက်အဦများ ဖယ်ရှားရာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်မိ၊ ရပ်ဖများက ပြည်သူများအား နားလည်အောင် ရှင်းပြပေးကြစေလိုကြောင်း၊ ငရုတ်ကောင်း - ငွေဆောင် - ချောင်းသာ - ရွှေသောင်ယံ - ကျောက်ချွန် - ဂွလမ်းကောင်းမွန်ပါက ကမ္ဘာလှည့်ခရီးသွားများ လာရောက်နိုင်မည် ဖြစ်ပါကြောင်း၊ တင်ပြခဲ့သည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ သတ်မှတ်အချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။
အဆိုပါ ပုသိမ်တံတားအမှတ်(၂) တံတားအမျိုးအစားမှာ သံကူကွန်ကရစ်ဖြစ်ပြီး တံတားအရှည်မှာ ၂၃၁၈ ပေရှိကြောင်း သိရသည်။

ပြည်သူများနှင့် တွေ့ဆုံ
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် တံတားတည်ဆောက်မည့် အနောက်ဘက်ကမ်း ပုသိမ်မြို့ စိန်ကုန်းဘက်ကမ်း အမှတ်(၉)နှင့် (၁ဝ)ရပ်ကွက်တို့ရှိ ပြည်သူများနှင့် တွေ့ဆုံပြီး အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းသို့ရောက် ရှိကာ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံနှုတ်ဆက်၍ ကျောင်းအုပ် ဆရာမကြီးတင်ပြသည့် ကျောင်းနှင့်ပတ်သက်သည့် လိုအပ်ချက်များကို တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ကျောင်းဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။

အလှူငွေပေးအပ်
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ပုသိမ်မြို့ ရွှေမုဋ္ဌောမဟာစေတီ တော်မြတ်ကြီးသို့ ရောက်ရှိပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးဆက်ကပ်ပြီး စေတီတော်၏ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ$ကျပ်သိန်း ၃ဝ ကို ပေးအပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်သမ္မတက စေတီတော်ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။

သတင်းစဉ်


No comments:

Post a Comment