Wednesday, October 24, 2018

ASEAN +Japan အားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကျင်းပ




Image may contain: 2 people, people sitting, table and indoor
 နေပြည်တော် အောက်တိုဘာ ၂၃



 မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ASEAN +Japanအားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်ပြီး အခမ်းအနားတွင် သဘာပတိအဖြစ် ဆောင်ရွက်ကာ အဖွင့်မိန့်ခွန်းပြောကြားသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်း ရေးမှူး အားကစားနှင့် ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် နှင့် ဂျပန်နိုင်ငံ (Japan Sports Agency Specialist, Inter-national Affairs Division)မှ Mr.Kumekawa Hirokazuနှင့် အာဆီယံနိုင်ငံများမှ အဆင့်မြင့်အရာရှိ ကြီးများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားတက်ရောက် ကြသူများအားလုံး အာဆီယံအလံကို အလေးပြုကြပြီး အာဆီယံကိုယ်စားလှယ် ကြီးများမှ စုပေါင်းအမှတ်တရ မှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အရှိန်အဟုန်မြှင့် ဆောင်ရွက်
ဆက်လက်၍ ဒုတိယဝန်ကြီးက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့် အမှာစကား ပြောကြားရာတွင် ယခု ဂျပန်အာဆီယံ(အားကစား)ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်း အဝေးတွင် အစီအစဉ်များစွာ ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊(Japan Sports Agency Specialist, International Affairs Division) မှ Mr. Kumekawa Hirokazu အား ဂျပန်နိုင်ငံအာဆီယံအားကစားဆိုင်ရာ ပြောဆိုခွင့်ရှိသူ အဖြစ် ဖိတ်ခေါ်ပါကြောင်း၊ ဂျပန်နှင့် အာဆီယံအားကစားကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဂျပန်အာဆီယံ ရင်းနှီးချစ်ကြည်ရေးကို ပိုမိုခိုင်မြဲလာ မည်ဖြစ်ပါကြောင်း၊ 2020 Tokyo Olympic ပြိုင်ပွဲနှင့် Paralympic ပြိုင်ပွဲတွင် အာဆီယံဒေသတွင်းနိုင်ငံ များမှ ပြည်သူများ အထူးသဖြင့် ပိုမို ပါဝင် ယှဉ်ပြိုင်လာနိုင်မည်ဆိုပါက ဒေသ တွင်းရှိ ပြည်သူများ ပိုမိုကျန်းမာကြံ့ခိုင် သော လူနေမှုဘဝကို ပိုမိုရရှိမည် ဖြစ်ပါ ကြောင်း၊ ပြည်သူများပိုမို ပါဝင်ယှဉ်ပြိုင် နိုင်ရေးအတွက် အာဆီယံနှင့် ဂျပန်နိုင်ငံ များ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ ဂျပန်အာဆီယံနိုင်ငံကြီး များတွင် အားကစားကဏ္ဍ မူဝါဒများ၊ လမ်းညွှန်ချက်များ၊ နည်းဗျူဟာများ၊ ဆောင်ရွက်ချက်များ အပြန်အလှန် ဆွေးနွေးခြင်းများ၊ လူသားအကျိုးပြု လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဂျပန် အာဆီယံနိုင်ငံများအကြား အားကစား လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်ASSC ၏ မူဝါဒ နှင့်အညီ ၂ဝ၂၅ ထိ ရည်မှန်းချက်ထား ၍ ၂ဝ၁၆-၂ဝ၂ဝ ထိ လုပ်ငန်းစဉ်များ အသေးစိတ်ချမှတ် ဆောင်ရွက်နေပါ ကြောင်း၊ အထူးသဖြင့် Physical Education Teachers and Coaches လုပ်ငန်းစဉ်များ၊ အားကစား ကဏ္ဍတွင် အမျိုးသမီးများ ပိုမိုပါဝင် လာရေး လုပ်ငန်းစဉ်များ၊ မသန်စွမ်း အားကစားတွင် နည်းစနစ်ပံ့ပိုးမှုဆိုင်ရာကိစ္စရပ်များ၊ တားမြစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များ စသည်တို့ကို ဆောင်ရွက် နေပါကြောင်း၊ ထိုသို့ဆောင်ရွက်နေခြင်း သည် ယခင်နှစ်က ပြုလုပ်ခဲ့သော အာဆီယံ+ဂျပန်နိုင်ငံ ဝန်ကြီးအဆင့် အစည်းအဝေး (AMMS+Japan) ၏အစည်းအဝေး ဆုံးဖြတ်ချက်၏ တစ်စိတ် တစ်ပိုင်းကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
တတ်နိုင်သရွေ့ ကူညီ
ယင်းနောက် ဂျပန်နိုင်ငံမှ Mr. Kumekawa Hirokazu က ယခုကဲ့သို့ ဂျပန် အာဆီယံအားကစားဆိုင်ရာ ကဏ္ဍများ ပိုမိုပူးပေါင်း ဆောင်ရွက်ခြင်းကြောင့် ဂျပန်နှင့် အာဆီယံနိုင်ငံများအကြား ပိုမို ချစ်ကြည်ရင်းနှီးသော အသိုင်းအဝိုင်း တစ်ခုကို ထူထောင်နိုင်ခြင်းဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် အာဆီယံ အား ကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ပိုမို ထောက်ပံ့ကူညီရန် အဆင်သင့် ရှိပါ ကြောင်း၊ မကြာမီက အင်ဒိုနီးရှားနိုင်ငံ၌ 18th Asian Gamesအောင်မြင်စွာ ကျင်းပနိုင်ခြင်းကို ဂုဏ်ယူဝမ်းမြောက် ပါကြောင်း၊ ထိုပြိုင်ပွဲကျင်းပခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ လူနေမှုဘဝနှင့် စီးပွားရေးဆိုင်ရာလုပ်ငန်းများ ပိုမို မြှင့်တင်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ၂ဝ၁၉ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ 30th SEA Games ကို ကျင်းပတော့မည် ဖြစ်ပါကြောင်း၊ ယင်းပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဂျပန်နိုင်ငံမှ တတ်စွမ်းသရွေ့ ကူညီသွားမည် ဖြစ်ပါ ကြောင်း၊ 2020 Tokyo Olympic ပြိုင်ပွဲကို အာဆီယံဒေသတွင်းရှိနိုင်ငံများ ပိုမိုပါဝင် ယှဉ်ပြိုင်ကြစေလိုကြောင်းနှင့် ဂျပန်နိုင်ငံမှလည်း တတ်နိုင်သရွေ့ ကူညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အာဆီယံအတွင်း ရေးမှူးချုပ်ရုံး တာဝန်ရှိသူတစ်ဦးက ၂ဝ၁၆-၂ဝ၂ဝ ကာလတွင် ဂျပန်+ အာဆီယံနိုင်ငံများအကြား အားကစား ဆိုင်ရာများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ် (၄)ခုကို ဦးစီးလုပ်ငန်းများ သတ်မှတ် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေး ပေးရန် တင်ပြသည်။
ဆက်လက်၍ အစည်းအဝေးတွင် တက်ရောက်လာကြသော အဆင့်မြင့် အရာရှိကြီးများက ဝိုင်းဝန်းဆွေးနွေးကြပြီး ဦးစားပေးလုပ်ငန်းစဉ်အဖြစ် Physi- cal Education Teachers and Coachesလုပ်ငန်းစဉ်များ၊ ဒုတိယ ဦးစားပေးအဖြစ် အမျိုးသမီးများ အားကစားကဏ္ဍတွင် ပိုမိုပါဝင်လာစေ ရေးလုပ်ငန်းများ၊ တတိယဦးစားပေး အဖြစ် မသန်စွမ်းအားကစား၌ နည်းစနစ်၊ နည်းပညာထောက်ပံ့ပေးနိုင်ရေး လုပ်ငန်း စဉ်များ၊ စတုတ္ထဦးစားပေးအဖြစ် တားမြစ် ဆေးဝါးဆိုင်ရာ လုပ်ငန်းစဉ်များအဖြစ် သတ်မှတ်ခဲ့သည်။
အချိန်ပိုင်းလာရောက် သင်ကြားပေး
ဆက်လက်၍ တက်ရောက်လာကြ သော အဆင့်မြင့်အရာရှိကြီးများအား ဂျပန်နိုင်ငံမှ ကူညီ၍ ပူးပေါင်းဆောင်ရွက် မည့် လုပ်ငန်းစဉ်များကို တင်ပြကြရာ မြန်မာနိုင်ငံနှင့် ပူးပေါင်း၍ ဂျပန်-မြန်မာ (၂)နိုင်ငံ အားကစားနည်းအလိုက် ပူးတွဲလေ့ကျင့်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ဂျပန်နိုင်ငံမှ အားကစားနည်းအလိုက် နည်းပြများ ကူညီထောက်ပံ့ရေး အထူး သဖြင့် Physical Fitness ၊ GYM ဆိုင်ရာနည်းပြများ ရရှိရေးကိစ္စရပ်များ၊ မသန်စွမ်းအားကစားနည်းတွင် နည်း စနစ်များ ကူညီထောက်ပံ့ပေးနိုင်ရေး ကိစ္စရပ်များ၊ အားကစားနည်းများ အလိုက် ပူးတွဲလေ့ကျင့်ရေး ကိစ္စရပ် များ၊ မြန်မာနိုင်ငံမှ ဖွင့်လှစ်ထားရှိသည့် အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ များတွင် အားကစားနည်းအလိုက် နည်းပြများ လာရောက် သင်ကြားပေး နိုင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံမှ B.Sc (Sports) ကျောင်းသား၊ ကျောင်းသူ များတွင် အားကစားနည်းအလိုက် နည်းစနစ် အချိန်ပိုင်း လာရောက် သင်ကြားပေးနိုင်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှ အားကစားသမားနည်းပြ များအား Scholarship ပေးနိုင်ရေး ကိစ္စရပ်များကို တင်ပြခဲ့ပြီး တက်ရောက် လာကြသော အာဆီယံနိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများက မိမိတို့နိုင်ငံ အလိုက် ဂျပန်နှင့် ပူးပေါင်းဆောင်ရွက် ရမည့် ကိစ္စရပ်များဖြစ်သည့် Sports Science Institute လုပ်ငန်းကိစ္စရပ် များ၊ နိုင်ငံအလိုက် အားကစားဆိုင်ရာ သဘောတူညီချက်များ၊ ဂျပန်နိုင်ငံနှင့် MOU လက်မှတ်ရေးထိုးရေး ကိစ္စရပ် များကို အသီးသီးဆွေးနွေးခဲ့ကြရာ ဂျပန်နိုင်ငံမှ Mr. Kumekawa Hirokazu က အပြန်အလှန် ကူညီ ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက် ရမည့်ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေး ခဲ့ကြသည်။
ပိုမိုလှုပ်ရှားပါဝင်
မွန်းလွဲပိုင်းတွင် ဂျပန် အာဆီယံ အားကစားဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးလုပ်ငန်းစဉ်များမှ အမျိုးသမီးများ အားကစားကဏ္ဍတွင် ပိုမိုလှုပ်ရှားပါဝင် ဆောင်ရွက်နိုင်ရေး ခေါင်းစဉ်ဖြင့် တက်ရောက်လာကြသော ဂျပန် အာဆီယံ အဆင့်မြင့်အရာရှိကြီးများက ဝိုင်းဝန်းအထူးပြုဆွေးနွေးခဲ့ကြကြောင်း သိရှိရ သည်။
သတင်းစဉ်

No comments:

Post a Comment