Thursday, September 6, 2018



Image may contain: tree, outdoor and nature
ထင်သာမြင်သာ ပြုပြင်စရာ


မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာ - လိပ်ပုတ် ကျေးရွာချင်းဆက်လမ်းမှာ ပျက်စီးနေ၍ မိုးရာသီကာလတွင် ဒေသခံများ သွားလာရေး ခက်ခဲလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းမှာ ငါးက လေးချောင်း၊ လိပ်ပုတ်မင်းလှအေး၊ နတ်ကြီး၊ စောထ၊ တပင်တိုင်နှင့် အနီးအနားရှိ ကျေးရွာများမှ အဓိက ဒေသထွက်ကုန်များ၊ ဒေသခံများ၏ ပညာ ရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍများအတွက် သွားလာရာမှာ အသုံးပြုနေရသည့်အတွက် အရေးပါသော လမ်းလည်းဖြစ် သည်။
''သက်ဆိုင်ရာတာဝန်ရှိသူတွေ ကွင်းဆင်းစစ်ဆေးနေပေ မယ့် လမ်းကို ခင်းကျင်းဖောက်လုပ်ဖို့ အကောင်အထည်ဖော်တာ လည်း မတွေ့ရသေးဘူး။ လက်ရှိမှာ လမ်းကို ဆိုင်ကယ်တစ်စီးစာ သွားလို့ရတဲ့ ကွန်ကရစ်လမ်းကို အဖိတ်နေ့တိုင်း ကိုယ့်အား ကိုယ့်ကိုးခင်းနေပေမယ့်လည်း မိုးကကောင်းတော့ ခင်းလို့ လည်း အဆင်မပြေဘူး'' ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ လမ်းမှာ ရွာပေါင်းခြောက်ရွာနှင့် ဆက်စပ်နေ သည့် ကျေးရွာများအပြင် အိမ်ခြေ ၁ဝဝဝ ကျော်မှ ဒေသခံ များ မှီခိုအားထားနေရသည့် လမ်းဖြစ်ပြီး လမ်းအရှည်မှာ ငါးမိုင်ခန့် ရှိကြောင်း၊ ကျောင်းရွာကျေးရွာ - လိပ်ပုတ်ကျေး ရွာချင်းဆက်လမ်းမှာ သမိုင်းဝင်ဆေးတောင်ဘုရားကိုလည်း သွားလာရသည့် လမ်းဖြစ်သည့်အတွက် ဒေသခံများက သက်ဆိုင်ရာမှ အမြန်ဆုံးပြန်လည်ပြုပြင်ပေးရန် လိုလားလျက် ရှိကြောင်း သိရသည်။ နေမျိုးထွဋ် (ရေး)

No comments:

Post a Comment