Friday, September 7, 2018

ဒုတိယဝန်ကြီး ဦးစိုးအောင် ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ်နှင့်သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးဟောင်းအား လက်ခံတွေ့ဆုံ

Image may contain: 4 people, people sitting, table and indoor
နေပြည်တော် စက်တင်ဘာ ၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် သည် ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ်နှင့် သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးဟောင်း ဖြစ်သူ H.E Mr. Masaharu NAKAGAWA နှင့်အဖွဲ့အား ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် သဘာဝဘေးအန္တရာယ် များ စီမံခန့်ခွဲမှု၊ ပြန်လည် ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဂျပန်အစိုးရက ကူညီပေးနေမှု များ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လက်ရှိအခြေအနေ များ၊ ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် ပဋိပက္ခကင်းဝေးပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိ စေရေးအတွက် နိုင်ငံတော်အဆင့် ပြည်ထောင်စု စီမံကိန်း (UEHRD) ဖွဲ့စည်းဆောင်ရွက်မှုအခြေ အနေများ၊ National Verification Card (NVC) ကတ် ထုတ်ပေးခြင်းနှင့် ယင်းကတ် ကိုင်ဆောင် ခြင်းဖြင့် ရရှိမည့်အခွင့်အရေးများ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် ညှိနှိုင်းဆောင်ရွက်မှုအခြေအနေ များ၊IDP Campများ ပိတ်သိမ်းမှုအခြေအနေများ နှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများ၊ နေရပ်စွန့်ခွာ သူများအတွက် လွတ်လပ်စွာသွားလာခွင့်၊ အသက် မွေးဝမ်းကျောင်းနှင့်ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုများရရှိစေရေး ဆောင်ရွက်နေမှုအခြေ အနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment