Friday, September 7, 2018

တာချီလိတ်၌ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုဆုချီးမြှင့်

Image may contain: 6 people, people smiling, people standing and text
တာချီလိတ် စက်တင်ဘာ ၆
၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် လူရည်ချွန် မောင်မယ်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို စက်တင်ဘာ ၆ ရက် နံနက် ပိုင်းက တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ကျင်းပရာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးအောင်သင်းက လူရည်ချွန် ရွေးချယ်မှုစနစ်နှင့် စနစ်သစ် ပညာရေးအကြောင်း ရှင်းလင်းပြောကြား သည်။
ထို့နောက် နှစ်ထပ်ကွမ်းလူရည်ချွန် မောင်မယ်နှစ်ဦးအပါအဝင် တာချီလိတ်မြို့နယ် မှ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် ရွေးချယ် ချီးမြှင့်ခံရသည့် လူရည်ချွန်မောင်မယ် ခြောက်ဦး နှင့် ကျောင်းအုပ်ဆရာကြီးများအား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် တာဝန် ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုငွေသား များအား ချီးမြှင့်ခဲ့ကြသည်။
မောင်ယဉ်ကျေး

No comments:

Post a Comment