Monday, September 24, 2018

ဒုတိယကမ္ဘာစစ်လက်ကျန်ဟုယူဆရသည့် တင့်ကားပျက်တစ်စီး ဖားကန့်မြို့နယ်၌ တွေ့ရှိ

Image may contain: outdoor
ဖားကန့် စက်တင်ဘာ ၂၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဝါရာဇွတ်ကျေးရွာအနီး နန်ဆန် ချောင်းအတွင်း၌ ဒုတိယကမ္ဘာစစ်လက်ကျန်ဟုယူဆရသည့် တင့်ကားပျက် တစ်စီးကို စက်တင်ဘာ ၂၂ ရက်တွင် နယ်မြေခံတပ်မှ တပ်မတော်သားများက တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တင့်ကားပျက်အား ဖားကန့်မြို့နယ် ကာမိုင်းမြို့ ဝါရာဇွတ် ကျေးရွာ၏ အနောက်မြောက်ဘက် လီဒိုလမ်းမကြီးနှင့် သုံးဖာလုံခန့်အကွာ နန်ဆန်ချောင်းအတွင်း၌ နယ်မြေခံတပ်မှ တပ်မတော်သားများက တွေ့ရှိခဲ့ ခြင်းဖြစ်ကာ စက်တင်ဘာ ၂၂ ရက် နံနက် ၁ဝ နာရီက နယ်မြေခံတပ်မှ တပ်မတော်သားများက ဘက်ဟိုးယာဉ်တစ်စီးဖြင့် ဆယ်ယူခဲ့ပြီး ညနေ ၄ နာရီတွင် ချောင်းကမ်းပါးပေါ်သို့ တင်ဆောင်နိုင်ခဲ့သည်။
အဆိုပါ တင့်ကားပျက်မှာ အလျား ၁၆ ပေ၊ အနံ ရှစ်ပေ၊ အမြင့် ရှစ်ပေ ရှိပြီး ယခုအခါ ဆယ်ယူထားပြီးဖြစ်၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက် နိုင်ရန် သက်ဆိုင်ရာသို့ ဆက်လက်တင်ပြထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)

No comments:

Post a Comment