Saturday, September 1, 2018

ရေတာရှည်မြို့နယ်၌ ရေသန့်စင်ယာဉ်ဖြင့် ရေဖြန့်ဝေ


Image may contain: 1 person, outdoor

ရေတာရှည် သြဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်ဦးဆောင်သော အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ကျေးလက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးသိန်းနှင့် တာဝန်ရှိသူများ၊ တောင်ငူခရိုင်အတွင်းရှိ ကျေးလက်ဦးစီးဌာနမှူး များနှင့် ဝန်ထမ်းများ စုပေါင်း၍ သြဂုတ် ၃၁ ရက်က ကုန်းကြီးကျေးရွာအုပ်စု ပြီစုတ်ကျေးရွာ၌ အိမ်ခြေ ၁၃၃ အိမ်၊ ညောင်ပင်သာကျေးရွာ၌ အိမ်ခြေ ၂၂၄ အိမ်၊ ဆင်ဂွေကျေးရွာ အိမ်ခြေ ၂၆ဝ တို့အတွက် ရေသန့်စင်စက်ယာဉ်ဖြင့် ရေဂါလန် ၅၂ဝဝ တို့ကို သန့်စင်ဖြန့်ဝေပေးခဲ့သည်။
ကိုလွင်(ဆွာ)

No comments:

Post a Comment