နေပြည်တော် စက်တင်ဘာ ၎
မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်း များ ကြီးကြပ်ရေးကော်မတီ၏ (၃/၂ဝ၁၈) ညှိနှိုင်းအစည်း အဝေးကို စက်တင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်း၌ ကျင်းပရာ မော်တော် ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ သန်းမြင့် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ (၃/၂ဝ၁၈) အစည်းအဝေး တွင် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှုများ၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်များတွင် မော်တော်ယာဉ်များ မှတ်ပုံတင်ခွင့် အတွက် သက်ဆိုင်ရာ ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ယခုအစည်းအဝေးတွင် ညှိနှိုင်းပေါင်းစပ် ဆွေးနွေးမည်ဖြစ်ကြောင်း၊ ဆောင်ရွက်သင့်သည့် နည်းလမ်း များကို ကော်မတီဝင်များအနေဖြင့် ညှိနှိုင်းဆွေးနွေးသွားကြ ရန် ပြောကြားသည်။
ယင်းနောက် ကော်မတီအတွင်းရေးမှူး အမြဲတမ်း အတွင်းဝန် ဦးရန်နိုင်ထွန်းက မော်တော်ယာဉ်တင်သွင်းမှု နှင့် မော်တော်ယာဉ်မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ပြည်ပမှမော်တော်ယာဉ်များ တင်သွင်း ခွင့်ပြုခြင်းကိုလည်း နိုင်ငံတော်၏ လက်ရှိကုန်သွယ်မှုအခြေ အနေများ၊ ဒေါ်လာဈေးနှုန်းမြင့်တက်မှု၊ ကုန်သွယ်မှုလို ငွေပြမှု၊ နိုင်ငံတကာတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်နေမှု၊ ပြည်ပမှစက်သုံးဆီတင်သွင်းမှု အခြေအနေများအရ ဘက်စုံ ဆန်းစစ် လေ့လာသုံးသပ်၍ နိုင်ငံတော်၏လိုအပ်ချက်နှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးဆုံးဖြတ် ကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းကYVQC ကျင့်သုံး ဆောင်ရွက်မှုနှင့်ပတ်သက်၍ ပြောကြားသည်။ ထို့နောက် ကော်မတီအတွင်းရေးမှူးက ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာကော်မတီဝင်များက မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေ မှုတို့ကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင် သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအနေဖြင့် ပြည်ပ မှ မော်တော်ယာဉ်တင်သွင်းမှုနှင့် ပတ်သက်၍ နိုင်ငံတော် ၏စီးပွားရေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒများနှင့် မော်တော် ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီတွင်ပါရှိသည့် လုပ်ငန်းဌာနများ၏ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment