Thursday, September 6, 2018

မိုင်းဖြတ်- ကျိုင်းတုံသွားပြည်ထောင်စုလမ်းမ ဆိုင်းလေရွာအနီး တောင်ကမ်းပါးယံပြို၍ ခေတ္တလမ်းပိတ်ဆို့

Image may contain: one or more people, motorcycle, tree, outdoor and nature
မိုင်းဖြတ် စက်တင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် စက်တင်ဘာ ၅ ရက် နံနက် ၆ နာရီ ၄၅ မိနစ်က မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့် မိုင်းဖြတ်- ကျိုင်းတုံသွား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဆိုင်းလေရွာအနီး မိုင်တိုင်အမှတ် (၆၉၇ -၆၉၈) ကီလိုမီတာ အကြား တောင်ကမ်းပါးယံပြိုကျပြီး ခေတ္တလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်ကမ်းပါးယံ ပြိုကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားရာ နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးကျော်နိုင်နှင့် မြို့နယ်လမ်းဦးစီးအရာရှိ (မြို့ပြ)ဒေါ်ကေခိုင်ဇော်၊ အငယ်တန်းအင်ဂျီနီယာ (၂) (မြို့ပြ) ဦးအောင်ဇော်ထွန်းတို့၏ ကြီးကြပ်မှုဖြင့် ခရီးသွားယာဉ်များ အချိန်ကြန့်ကြာမှုမရှိစေရန်နှင့် ခရီးသွားလာရာတွင် လွယ်ကူချောမွေ့၍ အဆင်ပြေမှုရှိစေရန် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဌာနဝန်ထမ်းများ၊ သော်တာဝင်းဆောက်လုပ်ရေးကုမ္ပဏီမှ လမ်းလုပ်သားများ၊ ဌာန ဆိုင်ရာဝန်ထမ်းများစသည့် လူအင်အား၊ ဘက်ဟိုးယာဉ်တစ်စီး၊ မြေသယ်ယာဉ်တစ်စီးတို့ဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီခန့်တွင် ယာဉ်ကြီး၊ ယာဉ်ငယ်များ ပြန်လည် သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ရှောလမွန်(ပြန်/ဆက်)

No comments:

Post a Comment