Saturday, September 1, 2018

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း လမ်း/တံတားများနှင့် ကယ်ဆယ်ရေးစခန်းများသို့ ကြည့်ရှု

Image may contain: 1 person, standing, outdoor and nature
ရေတာရှည် သြဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်
ဇော်နိုင်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ သြဂုတ် ၃ဝ ရက် နံနက်ပိုင်းက ရေတာရှည်မြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် (၁၉၈/၇) နှင့် (၁၉၉/ဝ) ကြားရှိ တံတားအမှတ် (၄/၁၉၉) တံတား
ပျက်စီးခဲ့မှုနှင့် ဘေလီတံတားဆောက်လုပ်နေမှုတို့ကို သွားရောက်ကြည့်ရှုခဲ့သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင်က လမ်းတံတားများ၏ အခြေအနေများ၊ ရေကျ
ချိန်တွင် ပြန်လည်ပြုပြင်သွားမည့် အခြေအနေများကို
ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က
ယာဉ်အန္တရာယ်ကင်းရှင်းစေရန် နေ့၊ ည ဝန်ထမ်းများချထား
ရန်၊ တံတားအားအချိန်မီပြီးစီးနိုင်ရေးနှင့် လမ်းတံတား အခြေအနေများကို ရေကျချိန်တွင် အပိုင်းလိုက် စစ်ဆေး
သွားရန် မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်
ရေတာရှည်မြို့နယ် ဆွာမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်း
ဆွာမင်းလမ်းအုပ်စုရှိ ဆွာချောင်းရေလျှံမှုကြောင့် ပြိုလဲ
ပျက်စီးသွားသည့် လူနေအိမ်များကို ကြည့်ရှုခဲ့ပြီး ပြန်လည်
ထူထောင်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ကူညီ
ထောက်ပံ့နိုင်ရေး ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ
အား လမ်းညွှန်မှာကြားပြီး ရေတာရှည်မြို့ရှိ ဆိတ်ဖူးတောင်
ဘုန်းတော်ကြီး၊ ရွာလည်ကျောင်း၊ တောင်ငူမြို့ရှိ အ.ထ.က
(၆)၊ အုတ်ကျွန်တန်း အလက(ခွဲ)၊ ပေါ်တော်မူဘုရား
တို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်
ကြည့်ရှုခဲ့သည်။
ယင်းသို့ သွားရောက်ကြည့်ရှုရာတွင် ဆွာချောင်း
ရေလှောင်တမံမှ ရေများလျော့နည်းလာပြီဖြစ်၍ စိုးရိမ်မှု
လွန်ကဲရန် မလိုအပ်တော့ကြောင်း၊ ရေဘေးသင့်ပြည်သူ
များအတွက် ကယ်ဆယ်ရေးစခန်းများသို့ ဆန်နှင့် အခြား
ထောက်ပံ့ရေးပစ္စည်းများပေးအပ်ရန် စီစဉ်ထားရှိပြီးဖြစ်ပါ
ကြောင်း၊ အမြန်ဆုံး ရေပြန်လည်ကျဆင်းတော့မည်ဖြစ်၍ မိဘပြည်သူများအနေဖြင့် ရက်အနည်းငယ်အတွင်း မိမိတို့
နေရပ်သို့ ပြန်လည်နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ ရေဘေး
ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ပြန်လည်
ထူထောင်ရေးလုပ်ငန်းများလည်း ရေကျဆင်းချိန်တွင်
တစ်ပြိုင်တည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက အားပေးစကား
ပြောကြားခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)

No comments:

Post a Comment