Tuesday, September 25, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တာချီလိတ်မြို့တွင် မူးယစ်ပြန်လည်ထူထောင်ရေးစခန်း ဖွင့်လှစ်ရေးလုပ်ငန်း ဆောင်ရွက်





တာချီလိတ် စက်တင်ဘာ ၂၄



လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် တာချီလိတ်မြို့ ဘဒ္ဒန္တ ဓမ္မသီရိ (နဂါးနှစ်ကောင်ဆရာတော်ကြီး) အား ဖူးမြော်ကြည်ညို၍ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း အသစ်တည်ဆောက်ဖွင့်လှစ်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက နဂါးနှစ်ကောင်ကျောင်းတိုက်ရှိ ဘဒ္ဒန္တ ဓမ္မသီရိ (နဂါးနှစ်ကောင် ဆရာတော်ကြီး) အား သွားရောက်ဖူးမြော်ကြည်ညိုပြီး သင်္ကန်း၊ နဝကမ္မအလှူငွေ ဆက်ကပ်လှူဒါန်းခြင်းနှင့် တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်တွင် ပန်း၊ ဆီမီး ကပ်လှူပူဇော်ပြီး အလှူငွေ များ လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီး ဌာန မူလတန်းကြိုကျောင်းနှင့် ပြန်လည်ထူထောင်ရေးစခန်း ဖွင့်လှစ်မည့်နေရာသို့ရောက်ရှိပြီး ဌာနမှတာဝန်ရှိသူများက သဘာဝဘေးကြောင့် ကျောင်းဝင်းနံရံ ရေတိုက်စားပျက်စီးခဲ့၍ နှစ်စဉ် ကျောင်းဝင်းအတွင်း ရေကြီးနစ်မြုပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ က ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် Master Plan ကို စနစ်တကျရေးဆွဲ၍ အမြန်ဆုံးတင်ပြရန် ညှိနှိုင်းဆွေးနွေးသည်။ ထို့နောက် ဝန်ကြီးဌာန၏ မူဝါဒများနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး ဌာနမှဝန်ထမ်းများအား တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်သည်။
ဆက်လက်၍ မူလတန်းကြိုကျောင်းရှိ ကလေးငယ်များအား တွေ့ဆုံနှုတ်ဆက်စကား ပြောကြားပြီး အာဟာရမုန့်များ ပေးဝေ သည်။ ထို့နောက် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင် ရေးစခန်း တည်ထောင်ဖွင့်လှစ်နိုင်မည့် မြေနေရာအနေ အထားများကြည့်ရှုကာ မူးယစ်ပြန်လည်ထူထောင်ရေး သင်တန်းများ ထိထိရောက်ရောက် အကျိုးရှိစွာ ဖွင့်လှစ်သင်ကြား ပေးနိုင်မည့် လုပ်ငန်းစဉ်များကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ခရိုင်အဆင့် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်နယ်စပ်ဂိတ် သို့ရောက်ရှိပြီး မယ်ဆိုင်ချောင်းရေ တိုက်စားမှုကြောင့် ရွှေနန်း တော်ကုန်တိုက်အနီး မြေထိန်းနံရံ ပြိုကျပျက်စီးခဲ့သည့် အခြေ အနေကို ကြည့်ရှု၍ ပြန်လည်တည်ဆောက်ရန်အတွက် စီမံချက် ရေးဆွဲ၍ အမြန်ဆုံးတင်ပြပေးရန် ညှိနှိုင်းဆွေးနွေးသည်။ ယင်းနောက် တာချီလိတ်မြို့ တာလော့ကိုယ့်အားကိုယ်ကိုး မူကြို ကျောင်းသို့ သွားရောက်ကာ ကလေးငယ်များအား တွေ့ဆုံ နှုတ်ဆက်စကားပြောကြားပြီး တာလော့ဈေးသို့ လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment