Thursday, September 6, 2018

ဝဿန်ရုပ်ရှင်ပွဲတော် ပြည်တွင်း၊ ပြည်ပ ပရိသတ်များဖြင့် အထူးစည်ကား

Image may contain: 2 people, people standing and indoor
ရန်ကုန် စက်တင်ဘာ ၅
ပြည်တွင်းရှိရုပ်ရှင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတကာရုပ်ရှင်ပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့်ပြည်တွင်းဝါသနာရှင်လူငယ်များအနေဖြင့် ပွဲတော်ဝင်ခွင့် လျှောက်ထားရမည့်နည်းလမ်းပုံစံများကို သိရှိနိုင်ကြစေရန် အတွက် ဝဿန်ရုပ်ရှင်ပွဲတော်(WATHANN FILM FESTIVAL#8)ဖွင့်ပွဲကို ဗိုလ်ချုပ်အောင်ဆန်းလမ်း ဝဇီရာရုပ်ရှင်ရုံ၌ ယနေ့ညနေ ၄ နာရီခွဲက ကျင်းပသည်။
ဝဿန်ရုပ်ရှင်ပွဲတော်စီစဉ်သူ ကိုသိဒ္ဓိက '' ရုပ်ရှင်ရုံ နဲ့ ရုပ်/သံတွေမှာကြည့်နေရတဲ့ ဇာတ်ကားနဲ့မတူတဲ့ အရသာကို ဝဿန်ရုပ်ရှင်ပွဲတော်က သယ်ယူလာတာဖြစ်ပါ တယ်။ ဘာလို့လဲဆိုတော့ ရုပ်ရှင်ပွဲတော်တွေမှာပြသတဲ့ ဇာတ်ကားအမျိုးအစားတွေ ဖြစ်တာမို့ပါ။ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ဘာတွေဖြစ်နေသလဲဆိုတာကို ကြည့်ရှုနိုင်ကြမှာဖြစ်ပြီး နိုင်ငံတကာမှာဆုရတဲ့ ရုပ်ရှင် ဇာတ်ကားများနဲ့ နိုင်ငံတကာကပွဲတော်တွေမှာ ဘယ်လို သွားနေကြလဲဆိုတာကို ရွေးချယ်ပြသတာပါ။ ပြည်တွင်း ရုပ်ရှင်ဇာတ်ကားတွေအနေနဲ့လည်း ပုံစံတစ်ခုတည်းမှာပဲ လည်နေတာဆိုတော့ ပုံစံသစ်တစ်ခုကို ထိုးဖောက်နိုင်ဖို့ အတွက် နိုင်ငံတကာမှာ ဘာတွေဖြစ်နေလဲဆိုတာ ကြည့်ရှုဖို့လိုအပ်ပါတယ်။ ဒီအတွက်ကိုအဓိကထားပြီး ပွဲတော်ကျင်းပခြင်းဖြစ်ပါတယ်''ဟု ပြောသည်။
သတင်း- ပွင့်သစ္စာ
ဓာတ်ပုံ- စိုးမြင့်အောင်

No comments:

Post a Comment