နေပြည်တော် စက်တင်ဘာ ၎
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ် ကြီး မောင်မောင်ကျော်သည် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ အိန္ဒိယ တပ်မတော်လေတပ်ဦးစီး ချုပ် Air Chief Marshal BS Dhanoa, PVSM, AVSM, YSM, VM, ADC အား ယနေ့နံနက်ပိုင်းတွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆိုသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့် အိန္ဒိယတပ်မတော် လေတပ်ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ တွေ့ဆုံရာ မြန်မာ-အိန္ဒိယ လေတပ်နှစ်ရပ်အကြား ဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေ အနေများ၊ သင်တန်းသားများစေလွှတ် ရေး၊ သတင်းအချက်အလက်နှင့် နည်း ပညာများ အပြန်အလှန်ဖလှယ်ရေး၊ ချစ်ကြည်ရေးခရီးစဉ်များ အပြန် အလှန် လည်ပတ်ရေးဆိုင်ရာကိစ္စ ရပ်များကို ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့်အတူ စစ်ဦးစီး အရာရှိချုပ်(လေ) ဗိုလ်ချုပ်ထွန်းအောင် နှင့် တပ်မတော်(လေ)မှ အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယတပ်မတော် လေတပ်ဦးစီးချုပ်နှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonel Naveen Mahajan နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း တပ်မတော်သတင်းစဉ်မှ သတင်း ထုတ်ပြန်ထားသည်။
သတင်းစဉ်

No comments:
Post a Comment