Thursday, August 30, 2018

ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာအား ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင်အထိမ်းအမှတ်Logoစိုက်ထူပွဲ အခမ်းအနား ကျင်းပ

Image may contain: 1 person, standing
ပုဂံ သြဂုတ် ၂၉
ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်း လောင်းစာကို ကမ္ဘာ့မှတ်တမ်း အမွေ အနှစ်စာရင်းဝင် အထိမ်းအမှတ် Logo စိုက်ထူပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခွဲက ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်ရင်ပြင်၌ ကျင်းပ ရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ပြင်သစ် နိုင်ငံ ပါရီမြို့၌ ၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၂၄ ရက်မှ ၂၇ ရက် အထိ ကျင်းပသည့် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အစီအစဉ် အပြည်ပြည် ဆိုင်ရာ အကြံပေးကော်မတီ၏ (၁၃)ကြိမ်မြောက် အစည်းအဝေးတွင် ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်း လောင်းစာကို ၂ဝ၁၇ ခုနှစ်အတွက် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင်အဖြစ် သတ်မှတ်မှုအထိမ်းအမှတ်Logo စိုက်ထူပွဲ အခမ်းအနား ကျင်းပ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်း
ပြောကြားသည်။
အခမ်းအနားကို တက်ရောက်လာ သော မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် ဘုရင့်နောင် မင်းတရားကြီး၏ ခေါင်းလောင်းစာကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း တွင် ပါဝင်ခြင်းအတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်း၊ မြန်မာနိုင်ငံအနေ ဖြင့် Memory of the World (MoW) အစီအစဉ်တွင် မြန်မာအမျိုး သား ယဉ်ကျေးမှုအမွေအနှစ် သုံးခု ဖြစ်သည့် မန္တလေးမြို့ရှိ မင်းတုန်းမင်း တရားကြီး၏ မဟာလောကမာရဇိန် ကုသိုလ်တော်ကျောက်စာများ၊ ပုဂံ ဒေသရှိ မြစေတီ(ရာဇကုမာရ်)ကျောက်စာနှင့် ယခု Logo စိုက်ထူ ပွဲကျင်းပသည့် ရွှေစည်းခုံစေတီတော် ရင်ပြင်ရှိ ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာတို့ကို ကမ္ဘာ့ မှတ်တမ်းအမွေအနှစ်အဖြစ် တင်သွင်း နိုင်ခဲ့ပြီဖြစ်ကြောင်း ထည့်သွင်းပြော ကြားသည်။
ထို့နောက် ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဘုရင့်နောင် မင်းတရားကြီး၏ ခေါင်းလောင်းစာကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း တင်သွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ တွင် ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာသည် မြန်မာနိုင်ငံ၏ သမိုင်း၊ ဘာသာရေးနှင့် ယဉ်ကျေးမှုတို့ အတွက် ထူးခြားထင်ရှားသော စာပေ အထောက်အထားဖြစ်ပြီး ခေါင်းလောင်း စာကို အေဒီ ၁၅၅၇ ခုနှစ်တွင် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊ ရေးထိုး ခဲ့သည့် ကုသိုလ်ရှင်ကို အစွဲပြု၍ ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်း လောင်းစာဟု ခေါ်ဆိုကြကြောင်း၊ အေဒီ ၁၆ ရာစုက ရေးသားထား သော ပကတိအတိုင်းရှိသည့် ခေါင်းလောင်းစာဖြစ်ကြောင်း ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရွှေစည်းခုံစေတီတော် ဂေါပကဥက္ကဋ္ဌတို့က ရွှေစည်းခုံရင်ပြင် တွင် ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အထိမ်းအမှတ် Logoကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူ များက ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာအား လိုက်လံကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
ကိုထိန်(ငါ့သရောက်)

No comments:

Post a Comment