Thursday, August 30, 2018

ကော့မှူးမြို့အဝင်LED မီးလုံးရှေ့က ကြော်ငြာဆိုင်းဘုတ်ကြီးအား ဖယ်ရှားပေးစေလို



ထင်သာမြင်သာပြုပြင်စရာ


 ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်အတွင်း မြို့အဝင်နှင့် မြို့တွင်းအဓိက လမ်းမကြီးများပေါ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းဝေးစေရေးနှင့် သာယာလှပစေရေးအတွက် LEDမီးလုံးများ ထွန်းပေးထားသည်ကို တွေ့ရ သည်။
အဆိုပါ မီးလုံးများထွန်းထားသော်လည်း မြို့သစ်ရပ်ကွက် တံတားအနီးရှိ ကြော်ငြာဆိုင်းဘုတ်ကြီးနှင့် မြို့လယ်ရှိ ကြော်ငြာဆိုင်းဘုတ်ကြီးများက လမ်းမီးလုံး အား ကွယ်နေသည်ကို သြဂုတ် ၂၇ ရက်က တွေ့ရသည်။ လမ်းမီးမှောင်နေသောကြောင့် ဒုစရိုက်သမားများ မှောင်ရိပ်ခို၍ အချိန်မရွေး ဒုစရိုက်မှု ကျူးလွန်နိုင်သောကြောင့် အဆိုပါလမ်းအား မီးလင်းစေရေးအတွက် တာဝန်ရှိသူများက ကြော်ငြာဆိုင်းဘုတ်ကို သင့်လျော်သည့်နေရာသို့ အမြန်ဆုံး ဖယ်ရှားပေးစေလိုကြောင်း ရပ်ကွက်နေ ပြည်သူများက ပြောသည်။ ကိုကိုကျော် (ကော့မှူး )

No comments:

Post a Comment