Thursday, August 30, 2018

မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား လယ်ယာစိုက်ပျိုးရေး၊ စီးပွားရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး





 နေပြည်တော် သြဂုတ် ၂၉ 




စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ဒုတိယ ဝန်ကြီးဟောင်း ဂျပန်နိုင်ငံ အောက် လွှတ်တော်ကိုယ်စားလှယ် Mr. Shinji INOUE အား ယမန်နေ့က ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။
ဆွေးနွေးစဉ် မြန်မာ-ဂျပန် နှစ်နိုင်ငံ အကြား လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်မှုအခြေအနေများ၊ မျိုးဆက် သစ်လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်မည့် သက်မွေးပညာများ သင်ကြားနိုင်ရေး အတွက် OISCA သင်တန်းကျောင်း လုပ်ငန်းများ အားပေးကူညီရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မြန်မာ့ လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment