Thursday, August 2, 2018

BTSမှ ဗွီ ရဲ့အဘိုးဖြစ်သူကွယ်လွန်

Image may contain: 1 person, closeup
တောင်ကိုရီးယားရဲ့ ကမ္ဘာကျော်တေးဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ''BTS''ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဗွီရဲ့ အဘိုးဖြစ်သူဟာ လတ်တလောမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ကိုရီးယား ဘိုးဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်မှာတော့ ဗွီဟာ အဘိုးဖြစ်သူရဲ့ အသုဘအခမ်းအနား တက်ရောက်ဖို့ရာ ဇာတိမြေ ဒယ်ဂူကို မိသားစုဝင်တွေနဲ့အတူ ပြန်ခဲ့ပါတယ်။ ဗွီဟာ ယခင်ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတွေမှာ အဘိုး ဖြစ်သူနဲ့ အမှတ်တရတွေ များစွာရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားလေ့ရှိပါတယ်။ ဒါ့အပြင် သူ့ရဲ့ အဘွားဖြစ်သူလည်း ကွယ်လွန်သွားခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment