Thursday, August 30, 2018

မြဝတီမြို့တွင် မူးယစ်တပ်ဖွဲ့စုမှူး၏နေအိမ် ဖောက်ထွင်းခံရ ပြစ်မှုကျူးလွန်သူကို အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီရမိ

No automatic alt text available.
မြဝတီမြို့တွင် မူးယစ်တပ်ဖွဲ့စုမှူး၏ နေအိမ်လိုင်းခန်းအတွင်း ထားရှိသည့် ကျပ်သိန်း ၃၀ ကျော်တန်ဖိုးရှိ ရွေထည်လက်ဝတ်ရတနာများ ခိုးယူခံရသဖြင့် သြဂုတ်၂၉ရက်တွင် မြဝတီမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ကြောင်းသိရပြီး မြဝတီမြို့မရဲစခန်း နယ်ထိန်းတပ်ဖွဲ့ဝင်များက တာဝန်သိပြည်သူများအကူအညီဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူကို သက်သေခံ ရွှေထည်ပစ္စည်း စုစုပေါင်း (၁၂)မျိုးနှင့်အတူဖမ်းဆီး ရမိခဲ့၍ ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့်ဦးမင်းအောင်မြင့်ဦးသည် အလုပ်တာဝန်များဖြင့် ခရီးထွက်နေရာမှ သြဂုတ် ၂၇ ရက်တွင်ပြန်လည်ရောက်ရှိစဉ် နေအိမ်လိုင်းခန်းအတွင်း မွေနှောက် ထား၍စစ်ဆေးရာ ရွှေငွေလက်ဝတ်ရနာပစ္စည်း စုစုပေါင်း (၁၂)မျိုး၊ ကာလတန်ဖိုးသိန်းသုံးဆယ်ကျပ်တို့ပျောက်ဆုံးနေသဖြင့် မြဝတီမြို့မရဲစခန်းတွင် သြဂုတ် ၂၉ရက် ည၇နာရီ ၁၅မိနစ်အချိန်ခန့် တွင် မူးယစ်တပ်ဖွဲစုမှူး ဦးမင်းအောင်မြင့်ဦးက တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ ပြစ်မှုကျုးလွန်သူအား မြဝတီမြိုမရဲစခန်းက(ပ)၇၂၄/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မြဝတီမြို့မရဲစခန်းနယ်ထိန်းခေါင်းဆောင် ရဲအုပ် အောင်ချမ်းမွန် ဦးစီးအဖွဲ့ဖြင့်ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးခဲ့ရာ သြဂုတ် ၂၉ရက်ည၉နာရီ ၄၅မိနစ်အချိန်တွင်မြဝတီမြို့၊အမှတ်(၄)ရပ်ကွက်၊ကျောက်ဖျာ ဂိတ်အနီးတွင် ရှောင်တခင်စစ်ဆေးစဉ် အောင်မိုး၊ ၃၈နှစ်၊အကွက်(၁၆)လှိုင်သာယာမြို့နယ်ရန်ကုန်တိုင်းဒေသကြီးနေသူထံမှ ပျောက်ဆုံး သွားသည့် ရွှေထည်ပစ္စည်းမျာကို ရှာဖွေသိမ်း ဆည်းရမိ၍ အမှုဖြင့် ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
မင်းသူ(ဘားအံ)

No comments:

Post a Comment