Wednesday, August 29, 2018

အိမ်ကွင်းတွင် စပါးအသင်းကို ရှုံးနိမ့်ခဲ့ခြင်းဟာ မော်ရင်ဟိုရဲ့ နည်းပြဘဝတွင် အဆိုးရွားဆုံးဖြစ်ခဲ့

Image may contain: 1 person
မန်ယူအသင်းဟာ စပါးအသင်းကို အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီလို ရှုံးနိမ့်ခဲ့ခြင်းဟာ မန်ယူအသင်းနည်းပြမော်ရင်ဟိုအတွက်တော့ နည်းပြဘဝမှာ အိမ်ကွင်းအဆိုးရွားဆုံးပွဲစဉ် လည်းဖြစ်လာခဲ့ပါတယ်။ မန်ယူအသင်းဟာ လက်ရှိမှာ ပရီမီယာလိဂ်ပွဲစဉ်သုံးပွဲကစားထားပြီးပါပြီ။ အဲဒီလို သုံးပွဲကစားအပြီးမှာ အဖွင့်တစ်ပွဲသာနိုင်ပွဲရရှိခဲ့ပြီး နှစ်ပွဲဆက်တိုက်က ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ စပါးအသင်းကတော့ မန်ယူအသင်းကို ဟယ်ရီကိန်းနဲ့ လူးကက်မိုရာတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာကြောင့် အောင်မြင်မှုရာနှုန်းပြည့် ရယူထားနိုင်ခဲ့တဲ့ အသင်းဖြစ်လာခဲ့ပြီး မန်ယူအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်အမှတ်ပေးဇယားမှာလည်း ထိပ်ဆုံးက လီဗာပူး အသင်းနောက် ဒုတိယနေရာက ရပ်တည် နိုင်ခဲ့ပါတယ်။ ပေါ်တူဂီနိုင်ငံသား နည်းပြမော်ရင်ဟိုဟာ သုံးပွဲမှာ နှစ်ပွဲရှုံးခဲ့တယ်ဆို ပေမယ့် လက်ရှိပရီမီယာလိဂ်နည်းပြတွေထက် အောင်မြင်မှုပိုင်းအရ အသာစီးရထားပါတယ်။ ချယ်လ်ဆီးအသင်းမှာ တာဝန်ယူခဲ့စဉ်က နှစ်ရာသီအတွင်းမှာ ဖလားသုံးလုံးရယူနိုင်ခဲ့တာပါ။ ဂွာဒီယိုလာနဲ့ ပယ်လီဂရီနီတို့ကတော့ မန်စီးတီးအသင်းနဲ့အတူ ဆုဖလားတစ်ကြိမ်စီသာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ နည်းပြမော်ရင်ဟိုဟာ ပေါ်တူဂီမြေမှာ ဖလားနှစ်ကြိမ်၊ အီတလီမြေမှာ ဖလားနှစ်ကြိမ်၊ စပိန်မြေမှာ ဖလားတစ်ကြိမ် ချန်ပီယံလိဂ်ဖလားကို
လည်း နှစ်ကြိမ်အထိ ရယူပေးနိုင်ခဲ့တဲ့နည်းပြတစ်ဦးဖြစ်ပါတယ်။ ယူရိုပါလိဂ်ဖလားကိုတော့ ၂ဝ၁၇ ခုနှစ်က မန်ယူအသင်းနဲ့အတူ ရယူနိုင်ခဲ့တာပါ။ ၂ဝ၁၈-၂ဝ၁၉ ရာသီအစမှာ မန်ယူအသင်း နှစ်ပွဲဆက်ရှုံးပွဲကြုံခဲ့ရတာကြောင့် ပရီမီယာလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၁၃ နေရာမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။
နိုင်လင်းကြည်

No comments:

Post a Comment