Wednesday, August 29, 2018

မော်လမြိုင်ကျွန်းတွင် ဆွေသဟာမေတ္တာပေါင်းကူးတံတားနှစ်စင်းတည်ဆောက်ပြီးစီး

Image may contain: 10 people, people standing and outdoor
မော်လမြိုင်ကျွန်း သြဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရန်ကုန်မြို့ရှိ အလှူရှင် ၁၂ ဦးတို့ စုပေါင်း ဆောက်လုပ်လှူဒါန်းသော ဗြန့်ကြီးမြစ်ကျိုးကျေးရွာအုပ်စု ကွင်းတုံး-မယ်တလိုင်းကျေးရွာ ချောင်းကူး ဆွေသဟာမေတ္တာပေါင်းကူး အမှတ်(၁)နှင့် အမှတ်(၂)ချောင်းကူးတံတား နှစ်စင်းအား တံတား
တည်ဆောက်ရေးအဖွဲ့က ဆောက်လုပ်ခဲ့ရာ သြဂုတ် ၂၂ ရက် ညနေ ၅ နာရီက အချောသပ်ဆောက်လုပ်ပြီးစီးသွားပြီဖြစ်သည်။
ဆွေသဟာမေတ္တာပေါင်းကူးတံတားအမှတ်(၁)မှာ တံတားအရှည် ၃၅ ပေ၊ အမှတ်(၂)မှာ တံတား အရှည်ပေ ၁၃ဝ ရှိပြီး ရန်ကုန်မြို့နေ ဂီတစာဆို ကံ့ကော်တော ဦးမျိုးအောင်-ဒေါ်တင်မာရီ မိသားစု
အပါအဝင် အလှူရှင် ၁၂ ဦးတို့က စုပေါင်းပြီး အာရ်စီကွန်ကရစ်တံတားနှစ်စင်းကို မတည်ဆောက်လုပ်လှူဒါန်းခဲ့ကြသည်။
ချောင်းကူးတံတားနှစ်စင်း ဆောက်လုပ်ပြီးစီးသွားသဖြင့် ကျောင်းသား ကျောင်းသူများနှင့်ကျေးရွာပေါင်းစုံမှပြည်သူများ ချောင်းကူးတံတား
ပေါ်မှ စိတ်ချမ်းမြေ့စွာ ဖြတ်သန်းသွားလာနိုင်ကြပြီဖြစ်သည်။
မော်ကျွန်း(မြင့်အောင်)

No comments:

Post a Comment