Friday, August 3, 2018

ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ကိုရီးယားသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Image may contain: 2 people, people sitting
နေပြည်တော် သြဂုတ် ၂
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတ နိုင်ငံသံရုံးမှ သံအမတ်ကြီးH. E . Mr. Lee Sang-hwa နှင့်အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး ၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဆက်လက်ပူးပေါင်းဆောင်ရွက်
တွေ့ဆုံစဉ် တိုင်းရင်းသားလူမျိုးများရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဝန်ကြီးဌာန၏ ဆောင်ရွက်နေမှု အခြေ အနေများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းနေမှုများ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပြဿနာများကို နိုင်ငံတကာမှ အမှန်အတိုင်းသိရှိရန် လိုအပ်မှုများ၊ တိုင်းရင်းသား လူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးဆောင်ရွက်ပေးမည့် အကြောင်းအရာများနှင့် နှစ်နိုင်ငံ ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment