Friday, August 31, 2018

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် အဆင့်မြင့်မော်တာ စက်ချုပ်သင်တန်းဆင်းပွဲ တက်ရောက်

Image may contain: 5 people, people sitting and indoor
ဘားအံ သြဂုတ် ၃ဝ
ကရင်ပြည်နယ် ဘားအံမြို့ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်မော်တာစက်ချုပ်သင်တန်း ဆင်းပွဲကို သြဂုတ် ၃ဝ ရက် နံနက် ၁၁ နာရီက လှာကမြင်ကွက်သစ်ရှိ အဆိုပါ ဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ထူးချွန်ဆုနှင့် အပ်ချုပ်စက်တစ်လုံးစီ
တို့ကို ချီးမြှင့် ပေးအပ်ခဲ့ကာပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက သင်တန်းဆင်းအောင်လက်မှတ်
များ ပေးအပ်ချီးမြှင့်သည်။
ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာ ၁ဝ ရွာမှသင်တန်းသူ ၂၂ ဦး၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှ သင်တန်းသူ ငါးဦး၊ ကြာအင်း
ဆိပ်ကြီးမြို့နယ်မှ သင်တန်းသူ သုံးဦး၊ ဖာပွန်မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ သင်တန်းသူ ငါးဦး စုစုပေါင်းသင်တန်းသူ ၃၅ ဦး တက်ရောက် ခဲ့ကြပြီး သင်တန်းကာလမှာ ဇူလိုင် ၉ ရက်မှ သြဂုတ် ၃ဝ ရက်အထိ ဖြစ်သည်။
အဆင့်မြင့်မော်တာစက်ချုပ် ဘာသာရပ်များဖြစ်သည့် စက်ချုပ်ခြင်းနှင့် ပတ်သက်သည့် ပုံစံ ၁၃ မျိုးကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရ
သည်။
စောမျိုးမင်းသိန်း (ပြန်/ ဆက်)

No comments:

Post a Comment