Tuesday, July 31, 2018

ဗဟန်းမြို့နယ် ခြောက်ထပ်ကြီးဘုရားမုခ်ဦးအနီး မြေထိန်းနံရံပြိုကျ

Image may contain: one or more people and outdoor

ဗဟန်း ဇူလိုင် ၃ဝ
ဗဟန်းမြို့နယ် အရှေ့ရွှေဂုံတိုင်လမ်း ခြောက်ထပ်ကြီးဘုရားဝင်းမုခ်ဦးအနီး ဇူလိုင် ၂၉ ရက် ည ၁ဝ
နာရီ ၄၅ မိနစ်ခန့်က မြေထိန်းနံရံ အမြင့် ခုနစ်ပေ၊ အရှည်ပေ ၁ဝဝ ခန့် ပြိုကျပျက်စီးသွားကြောင်း သိရသည်။
အဆိုပါပြိုကျပျက်စီးသွားသည့် မြေထိန်းနံရံအပျက်အစီးများကို ယာဉ်အသွားအလာ ပိတ်ဆို့မှုမရှိစေရေးအတွက် ဇူလိုင် ၃ဝ ရက် နံနက် ၅ နာရီ ၃ဝ မိနစ်ခန့်မှစတင်ကာ ဗဟန်း
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ယာဉ်ထိန်းရဲတပ်
ဖွဲ့ဝင်များကြီးကြပ်လျက် စက်အင်အား၊ လူအင်အားများဖြင့် ဖယ်ရှားရှင်းလင်းဆောင်ရွက်ပေး
ခဲ့ကြသည်။ ထို့အပြင် အနောက်ပိုင်းခရိုင် ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာန ခရိုင်မှူး
ဦးစိန်ဝင်းမောင်ဦးဆောင်ကာ ဝန်ထမ်းများဖြင့် မြေထိန်းနံရံတစ်လျှောက် ပေါက်ရောက်
နေသည့် သစ်ပင်ကြီးများကို ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြသည်။
၅၉၇

No comments:

Post a Comment