Friday, July 27, 2018

မြောက်ဦးမြို့နယ် သရက်တောကျေးရွာ ငရကောက်ချောင်းကူးတံတား အသစ်တည်ဆောက်ပေးရန် လိုအပ်

ထင်သာမြင်သာပြုပြင်စရာ
----------------------------
Image may contain: 4 people, people standing, child, sky, outdoor, nature and water

မြောက်ဦးမြို့နယ်   သရက်တော ကျေးရွာတွင်    ကိုယ့်အားကိုယ်ကိုး တည်ဆောက်ထားသော  ကျေးရွာ ချင်းဆက်  ငရကောက်ချောင်းကူး ယာယီတံတားမှာ သွားလာရေးခက်ခဲ မှုကြောင့် ကျောင်းသား ကျောင်းသူ များနှင့် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအခန်းကဏ္ဍများတွင် အချိန် နှောင့်နှေး    ကြန့်ကြာမှုများကြောင့် ကျောင်းသား ကျောင်းသူများအနေဖြင့် ဘောင်းဒွတ် ကျေးရွာ  အထက(ခွဲ)ကျောင်းသို့    နေ့ချင်းပြန်   ကျောင်း တက်ရောက်    ပညာသင်ယူနိုင်ရန် အခက်အခဲများစွာ ကြုံတွေ့လျက်ရှိ ကြောင်း  သိရသည်။
အဆိုပါ တံတားကို ကျေးရွာ ၁ဝ ရွာကျော်မှ  စုပေါင်းလျက်  ၂ဝ၁၄ ခုနှစ်က စတင်ပြီး နှစ်စဉ်ဆောက်လုပ် အသုံးပြုခဲ့သည်မှာ ငါးနှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ ဝါးတံတားကို နှစ်စဉ် ပြုပြင်ထိန်းသိမ်းနေရသဖြင့် ငွေကြေး ကုန်ကျမှု၊  အချိန်ကြာမြင့်မှု၊ ခိုင်ခံ့မှု မရှိခြင်းတို့ကြောင့် မိုးတွင်းကာလများ တွင် သွားလာရေး အဆင်မပြေမှုများရှိ ကြောင်း သိရသည်။
ထို့ကြောင့်  သက်ဆိုင်ရာမှ  ယင်း ချောင်းကူးတံတားကို  အသစ်တည် ဆောက်ပေးနိုင်မည်ဆိုပါက ကျေးလက် နေပြည်သူများ၏ ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး   ဆိုင်ရာကိစ္စရပ်များ   အချိန်တိုအတွင်း  ဖွံ့ဖြိုးတိုးတက်လာမည်  ဖြစ်ကြောင်း      သိရသည်။                                                                                    
                      ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment