Sunday, July 1, 2018

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Image may contain: 6 people, indoor

ရန်ကုန် ဇွန် ၃ဝ
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်း ကော်မတီ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်း လမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပသည်။
အစည်းအဝေးတွင် ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဗိုလ်ချုပ်နှင့် ပတ်သက်၍ သမိုင်းမှတ်တမ်းများ၊ သမိုင်းအထောက်အထားများ၊ သမိုင်း အချက်အလက်များ၊ အသုံးအဆောင် ပစ္စည်းများ ပြည့်ပြည့်စုံစုံ ၉ဝ ရာခိုင်နှုန်းနီးပါး ရရှိနေပြီဖြစ်ကြောင်း၊ ဇာတ်ညွှန်းအနေဖြင့် ဇူလိုင်လကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း၊ ဇာတ်ညွှန်း ရလျှင် ဇာတ်ညွှန်းပေါ်မူတည်ပြီး ရုပ်ရှင်ရိုက်ကူးရန် ပြင်ဆင်မှုများ စတင်နိုင်မည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်းသည် ပြည်သူများ၏ နှလုံးသားတွင် ထာဝရရှင်သန်နေသည့် အာဇာနည်ပုဂ္ဂိုလ် ဖြစ်ကြောင်း၊ ပြည်သူများ မျှော်လင့်သည့်အတိုင်း အောင်မြင်သည့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ပေါ်ထွန်းလာနိုင်ရန် အားလုံးက တက်ညီလက်ညီ ကြိုးစား သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ် ရေးလုပ်ငန်းကော်မတီ အတွင်းရေး မှူး ဦးထွန်းအုံက လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ တွဲဖက်အတွင်း ရေးမှူး(၂) ဦးလူမင်းနှင့် ဇာတ်ညွှန်း ရေးသားသူ ဒါရိုက်တာ ဦးမင်းထင် ကိုကိုကြီးတို့က ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူး ရေးနှင့်စပ်လျဉ်းပြီး လက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ နှင့် လိုအပ်ချက်များကို ရှင်းလင်း ပြောကြားကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော သက်ဆိုင် ရာ ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ သမိုင်းပညာရှင်များနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူ များက ဗိုလ်ချုပ်ရုပ်ရှင်တွင်အသုံးပြု မည့် ခေတ်အဆက်ဆက်က အသုံး အဆောင်ပစ္စည်းများ၊ သမိုင်းမှတ်တမ်း အထောက်အထားများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ် ရေးအတွက် ချယ်ရီဦးနာရီဆိုင်က အလှူငွေကျပ် ၁ဝ သိန်းကို ပေးအပ် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
သတင်း - ရီရီမြင့်
ဓာတ်ပုံ - လှမိုး

No comments:

Post a Comment