
နေပြည်တော် ဇူလိုင် ၃ဝ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီးH.E. Mr. Ichiro Maruyama အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဂျပန်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေမှု၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသအတွင်း ဖြစ်ပွားလျက်ရှိသည့် ပြဿနာများအား အစိုးရနှင့် တပ်မတော်မှ ဖြေရှင်းဆောင်ရွက်နေမှုများတွင် ဂျပန်နိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်ပေးနေမှုနှင့် ဖြစ်စဉ်ဖြစ်ရပ်အခြေအနေမှန်များအား နိုင်ငံတကာမှသိရှိအောင် ဆောင်ရွက်ပေးနိုင်ရန် လိုအပ်မှုအခြေအနေများအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်
No comments:
Post a Comment