Tuesday, July 31, 2018

အစာအဆိပ်သင့်မှု ကုသမှုခံယူနေသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း သွားရောက်ကြည့်ရှု

Image may contain: 10 people, people smiling
ပဲခူး ဇူလိုင် ၃ဝ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းနှင့်အတူ ဇူလိုင် ၂၉ ရက် ညပိုင်းက ကလျာဏီရေဘေး ကယ်ဆယ်ရေးစခန်းတွင် အစာအဆိပ်သင့်မှု ကြောင့် ပဲခူးဆေးရုံကြီး၌ တက်ရောက်ကုသနေသော လူကြီး ခြောက်ဦးနှင့် ကလေး ၁၅ ဦးတို့အား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားခဲ့ပြီး တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝဝ နှုန်း ထောက်ပံ့ ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့ညနေ ၄ နာရီခွဲခန့်က ကလျာဏီရပ်ကွက်တွင် ဖွင့်လှစ်ထားသော ကလျာဏီ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ၄၃ ဦးတို့သည် နံနက်ပိုင်းတွင် အလှူရှင်များက ကျွေးမွေးသော ကြက်ဥ၊ ငုံးဥဟင်းများကိုစားပြီး နေ့လယ်ပိုင်းတွင် ရေခဲချောင်း(နို့စတော်ဘယ်ရီ)များ စားခဲ့ခြင်းကြောင့် အော့အန်ခြင်း သာမန်ဖြစ်ပွားသူများကို ရေဘေး ကယ်ဆယ်ရေးစခန်းနှင့် အနီးဆုံးဖြစ်သည့် အာနန္ဒာ ဘုရားဝင်းအတွင်း ဖွင့်လှစ်ထားသော ကျန်းမာရေး စောင့်ရှောက်မှုဆေးခန်း၌ ကုသမှုခံယူရာ သက်သာ လာခဲ့သည်။ အဆိုပါကျောင်းတိုက်သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း လာရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့သည်။
တင်စိုး(ပဲခူး)

No comments:

Post a Comment