Wednesday, July 4, 2018

စွမ်းပကား အလွန်မြင့်မားသော ဒုံးပျံယာဉ် တရုတ်နိုင်ငံ သုတေသနပြု တည်ဆောက်နေ

Image may contain: outdoor
ပေကျင်း ဇူလိုင် ၃
တရုတ်နိုင်ငံသည် စွမ်းပကားအလွန်မြင့်မား သော ရော့ကက်ဒုံးပျံတစ်စင်းကို သုတေသနပြုတည်ဆောက်လျက်ရှိကြောင်း၊ ယင်းဒုံးပျံ သည် အနိမ့်ပိုင်း ကမ္ဘာပတ်လမ်းများ ရှိရာသို့ အလွန်လေးလံသော ဝန်စည်များကို တင် ဆောင်ကာ ပို့ဆောင်ပေးနိုင်စွမ်းရှိမည်ဖြစ် ကြောင်း အာကာသရေးရာ ကျွမ်းကျင်သူပညာ ရှင်တစ်ဦး၏ပြောကြားချက်ကို ကိုးကားလျက် အေအက်ဖ်ပီသတင်းဌာနက ဇူလိုင် ၃ ရက် တွင် သတင်းထုတ်ပြန်သည်။
သုတေသနပြု တည်ဆောက်နေဆဲ ဒုံးပျံ ကို လောင်းမတ်ခ်ျ-၉ဟု အမည်ပေးထားပြီး ၂ဝ၃ဝ ပြည့်နှစ် နောက်ဆုံးထား၍ တည် ဆောက်မှု ပြီးစီးရန် လျာထားသည်။ အဆိုပါ ဒုံးပျံယာဉ်ကိုအသုံးပြု၍ အနိမ့်ပိုင်း ကမ္ဘာ ပတ်လမ်းကြောင်းအတွင်းသို့ တန်ချိန် ၁၄ဝ အလေးချိန်ရှိ ဝန်စည်ကို တင်ဆောင်ကာ လွှတ်တင်နိုင်မည်ဖြစ်ကြောင်း တရုတ်အင်ဂျင် နီယာ တက္ကသိုလ်မှ အထက်တန်းသုတေသီ လျောင်လဲဟောင်က ပြောကြားသည်။
ဥရောပ အာကာသ အေဂျင်စီက တည် ဆောက်သော အာရိယာန်-၅ ဒုံးပျံယာဉ်က အလေးချိန်တန် ၂ဝ၊ အမေရိကန် စပေ့စ်အိပ်စ် ကုမ္ပဏီက ထုတ်လုပ်သော ဖယ်လ်ကွန်ဟဲဗီး ဒုံးပျံယာဉ်က ၆၄တန်၊ အမေရိကန် အာကာသ အေဂျင်စီ၏ အာကာသယာဉ် လွှတ်တင်ရေး စနစ်ဒုံးပျံယာဉ်က တန်ချိန် ၁၃ဝရှိ ဝန်စည်ကို သာ တင်ဆောင်နိုင်ရာ တရုတ်နိုင်ငံလုပ်ဒုံးပျံက ကုန်စည်တင်ဆောင်နိုင်စွမ်း ပိုမိုသာလွန်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
စပေ့စ်အိပ်စ်ကုမ္ပဏီသည် ဖယ်လ်ကွန် ဟဲဗီး ဒုံးပျံယာဉ်ကို အသုံးပြု၍ အင်္ဂါဂြိုဟ်၏ ဂြိုဟ်ပတ်လမ်း တည်ရှိရာသို့ ဖေဖော်ဝါရီလ အတွင်း လွှတ်တင်ခဲ့ပြီးဖြစ်သည်။
နာဆာ၏အာကာသယာဉ် လွှတ်တင်ရေး စနစ် ဒုံးပျံယာဉ်ကို ၂ဝ၂ဝ ပြည့်နှစ်တွင် စတင်အသုံးပြုနိုင်မည်ဟု မျှော်လင့်ရသည်။
တရုတ်နိုင်ငံလုပ် လောင်းမတ်ခ်ျ-၉ ဒုံးပျံယာဉ်၏ပင်မအူတိုင် လုံးပတ်မှာ အချင်း ၁ဝ မီတာ (၃၃ ပေ) ရှိပြီး စွမ်းပကားမြင့် အဟုန်မြှင့် ဒုံးပျံစက်(ဘူစတာ)လေးလုံးပါဝင် မည်ဖြစ်ကြောင်း လျောင်လဲဟောင်က ပြော ကြားသည်။
အာကာသယာဉ်မှူး လိုက်ပါမည့် လဆင်း ယာဉ်လွှတ်တင်ရာတွင် လောင်းမတ်ခ်ျဒုံးပျံ ယာဉ်ကို အသုံးပြုနိုင်မည့်အပြင် အာကာသ အနက်ပိုင်း စူးစမ်းရှာဖွေရေးလုပ်ငန်း သို့ မဟုတ် အာကာသအခြေစိုက် နေရောင်ခြည် စွမ်းအင်ထုတ်လုပ်ရေးစခန်း တည်ဆောက်ရေး လုပ်ငန်းတွင်လည်း ယင်းဒုံးပျံယာဉ်ကို အသုံးပြုနိုင်ရန် ရည်မှန်းကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အေအက်ဖ်ပီ

No comments:

Post a Comment