Tuesday, July 31, 2018

သာယာဝတီ မြို့လယ်ကောင်ရှိ စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ ရှင်းလင်းပေးစေလို

ထင်သာမြင်သာပြုပြင်စရာ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့လယ်  ကားဂိတ် ရန်ကုန်-ပြည်ကားလမ်းမကြီးဘေးတွင် အမှိုက်များစည်းကမ်းရှိစွာစွန့်ပစ်နိုင်ရန် အမှိုက်ပုံး ကြီးချပေးထားသော်လည်း အမှိုက်များကို စည်းစနစ်ကျနစွာ ပုံးအတွင်းမစွန့်ပစ်ဘဲ ကြုံသလို ပစ်နေကြကြောင်း၊  ထိုသို့  ကြုံသလိုပစ်နေကြသော  အမှိုက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ အချိန်မီသိမ်းဆည်းခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းများ မရှိသောကြောင့်  မြို့တော်သန့်ရှင်းသာယာရေး၊  မိုးတွင်းအခါ  ရေစီးရေလာ ကောင်းမွန်ရေးနှင့် အနီးပတ်ဝန်းကျင်ပြည်သူများ၏ ကျန်းမာရေးကို  ထိခိုက်နိုင်သဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ရှင်းလင်းဆောင်ရွက်ပေးစေလိုကြောင်း ခရီးသွား ပြည်သူတစ်ဦးက  ပြောသည်။                                                        
                                                                         ဇေယျာထွန်း(ကြို့ပင်ကောက်)

No comments:

Post a Comment