Friday, July 27, 2018

ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ တောင်ပြိုလက်ဝဲမြို့၌ သတင်းရယူ

Image may contain: 7 people, people standing, people sitting and indoor
မောင်တော ဇူလိုင် ၂၆
ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများပါဝင်သော သတင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့ နှစ်နိုင်ငံ နယ်စပ် တံတားသို့ မော်တော်ယာဉ်ဖြင့် သွားရောက်ကာ တာဝန်ရှိသူများအား ဒေသ အခြေအနေနှင့်ပတ်သက်၍ မေးမြန်းသတင်းရယူကြသည်။
ယင်းမှတစ်ဆင့် တောင်ပြိုလက်ဝဲ ကြိုဆိုလက်ခံရေးစခန်းသို့ သွားရောက် ကာ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အဆင့်ဆင့် စီစဉ်ဆောင်ရွက်ထားမှုကို ကြည့်ရှုလေ့လာကြသည်။
ထို့နောက် သတင်းမီဒီယာအဖွဲ့သည် ပြန်လည် ဝင်ရောက်လာသူများအား စိစစ်လက်ခံရန် အသင့်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ NV ကတ်ထုတ်ပေးရန် ပြင်ဆင်ထားမှုများ၊ EID (Electronic Identification)ကတ် ပြုလုပ်ပေးရန်ပြင်ဆင်ထားမှုတို့ကို တာဝန်ရှိသူများ အား တွေ့ဆုံမေးမြန်း သတင်းရယူကြသည်။
''ကျွန်တော်တို့အနေနဲ့ တောင်ပြိုလက်ဝဲ ကြိုဆို လက်ခံရေးစခန်းကို ဇန်နဝါရီ ၂၃ ရက်ကတည်းက ဖွင့်လှစ်ဆောင်ရွက်ထားတာဖြစ်ပါတယ်။ ပြန်လည် ဝင်ရောက်လာသူတွေကို NV ကတ်ထုတ်ပေးမယ့်အပြင် EID ကတ် ပြုလုပ်နိုင်အောင်လည်း ဆောင်ရွက်ပေးထားပါ တယ်။ နေပြည်တော်၊ မန္တလေးနဲ့ ရန်ကုန်မြို့တွေမှာ ရှေ့ပြေးစမ်းသပ်ဆောင်ရွက်မယ့် EID (Electronic Identification ) ကတ်ကို ပြန်လည်လက်ခံမယ့်သူတွေကို တစ်ပါတည်းထုတ်ပေးနိုင်အောင် ဆောင်ရွက်ခြင်းဖြစ်ပါ တယ်''ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုသော်က ရှင်းပြသည်။
သတင်းမီဒီယာအဖွဲ့သည် တောင်ပြိုလက်ဝဲ ကြိုဆို လက်ခံရေးစခန်းအတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြန်လည် ဝင်ရောက်လာမည့်သူများအတွက် လိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးရန်ပြင်ဆင်ထား မှုကို လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင် ရန် ဆေးခန်းဖွင့်လှစ်ထားမှုကိုလည်းကောင်း ကြည့်ရှု သတင်းရယူကြသည်။
ယင်းနောက် သတင်းမီဒီယာအဖွဲ့သည် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းတွင် နေထိုင်ကြသူများအား သွားရောက် တွေ့ဆုံသတင်းရယူကြပြီး ညနေပိုင်းတွင် စစ်တွေမြို့မှ တစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
မြင့်မောင်စိုး

No comments:

Post a Comment